နာမည်ကြီး FPS ဂိမ်းတွေရဲ့ဆရာတစ်ဆူဖြစ်တဲ့ Shroud တစ်ယောက် Twitch ကိုပြန်လည်ရောက်ရှိ

နာမည်ကြီး FPS ဂိမ်းတွေရဲ့ဆရာတစ်ဆူဖြစ်တဲ့ Shroud တစ်ယောက် Twitch ကိုပြန်လည်ရောက်ရှိ

ယခင် CS:GO Pro တစ်ယောက်ဖြစ်ဖူးပြီး FPS ဂိမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Shroud ဟာ နောက်ဆုံးတော့ Twitch ကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Twitch မှာ ကြည့်ရှုသူ ဒုတိယမြောက်အများဆုံးဖြစ်ဖူးတဲ့ Shroud ဟာ နောက်ဆုံးတော့ အိမ်ကိုပြန်ရောက်လို့လာခဲ့ပါပြီ။

Shroud ဟာ Twitch ကိုရောက်ရောက်ချင်းမှာပဲ Viewer ပေါင်း ၃၀၀,၀၀၀ ကျော်ကစောင့်ကြိုလို့နေပါတယ်လို့ Dot Esports ရဲ့သတင်းထုတ်ပြန်ချက်အရ သိရှိထားရပါတယ်။ လက်ရှိမှာတော့ IM BACK BABY ဆိုတဲ့ Stream မှာ Viewer ပေါင်း တစ်သိန်းကျော် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

Shroud ဟာ အောက်တိုဘာလ ၂၀၁၉ ကနေ စ ပြီး Mixer နဲ့အတူ စာချုပ်ချုပ်လက်တွဲခဲ့ပါတယ်။ ဒါကြောင့် Twitch မှာဆက်လက်မ Stream တော့ဘဲ Mixer မှာပဲရှိနေခဲ့ပြီး၊ Mixer က လွန်ခဲ့တဲ့ ဇူလိုင်လလောက်က ပိတ်သိမ်းသွားခဲ့တာကြောင့် အခုလိုမျိုး Twitch ကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် Streaming စလုပ်ချင်တဲ့စိတ်တွေဖြစ်ပေါ်လာတုန်းကတည်းက Twitch က ကျွန်တော့်အတွက်အမြဲရှိနေခဲ့ပါတယ်။ ကျွန်တော်က တိုးတက်ဖို့တခြားအခွင့်အရေးတွေရှာဖွေခဲ့ပေမယ့် အခုတော့ Twitch ကလွဲလို့ ဘယ်နေရာကမှ မကောင်းဘူးဆိုတာကို ကောင်းကောင်းနားလည်ခဲ့ပါပြီ” လို့ Shroud က ဖွင့်ဟပြောကြားထားပါသေးတယ်။

Shroud ကတော့ Twitch ကိုပြန်လည်ရောက်ရှိခဲ့ပေမယ့် Ninja ကတော့အခုချိန်အထိ ဘယ်မှာအတည်အကျ Stream သွားမယ်ဆိုတာကို မသိရှိရသေးပါဘူး။

Reference: Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ