Twitch မှ Mixer သို့ အကူးအပြောင်းမှာ ကြည့်ရှုသူ ရာခိုင်နှုန်း (၈၅) ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့တဲ့ Shroud

Twitch မှ Mixer သို့ အကူးအပြောင်းမှာ ကြည့်ရှုသူ ရာခိုင်နှုန်း (၈၅) ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့တဲ့ Shroud

Michael “Shroud” Grzesiek ဆိုတာကတော့ ပရိုဖက်ရှင်နယ် CSGO ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ နာမည်ကျော် Streamer တစ်ဦးအဖြစ် ရပ်တည်လျက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ Shroud အနေနဲ့ နာမည်ကျော် Streaming Platform တစ်ခုဖြစ်တဲ့ Amazon အပိုင် Twitch ကနေ Microsoft အပိုင် Mixer ကို ကူးပြောင်းတော့မှာ ဖြစ်ကြောင်းကို အောက်တိုဘာ လကုန်ခါနီး အချိန်ကာလမှာ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

နိုဝင်ဘာလ အစမှာတော့ တရားဝင် ကြေငြာထားတဲ့အတိုင်း Twitch ကို စွန့်ခွာပြီး Streaming Platform အသစ် Mixer မှာ စတင် Stream ခဲ့ပါတယ်။ Shroud တစ်ယောက် Twitch မှာ နောက်ဆုံး Stream ခဲ့တဲ့ အောက်တိုဘာလမှ ကြည့်ရှုသူဦးရေ ၇ သိန်း ၁ သောင်း ၈ ထောင်ခန့် ရှိခဲ့ပေမယ့်လည်း Mixer ကို စတင် ကူးပြောင်းခဲ့တဲ့ နိုဝင်ဘာလမှာတော့ ကြည့်ရှုသူဦးရေ ၂ သိန်း ၃ သောင်း ၁ ထောင်ခန့်သာ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များအရ Shroud အနေနဲ့ Mixer ကို ပြောင်းရွေ့ခဲ့ရာမှာ Twitch မှာ Shroud Stream တွေကို Subscribe လုပ်ခဲ့တဲ့ ပရိသတ် ၄၇ ရာခိုင်နှုန်းခန့်ကို Mixer မှာ Subscribe လုပ်ရန်အတွက် ခေါ်ဆောင် လာနိုင်ခဲ့ပေမယ့်လည်း အခုလို ကြည့်ရှုသူဦးရေ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ Mixer မှာ Streaming ပြုလုပ်နေတဲ့ Shroud ရဲ့ Stream တွေကို ကြည့်ရှုနေသူတွေရဲ့ တစ်ဝက်ခန့်ဟာ Twitch ကနေ ကူးပြောင်းလာခဲ့တဲ့ ပရိသတ်တွေ မဟုတ်ဘဲ Mixer ကို Shroud မရောက်ရှိခင် အချိန်ကတည်းက အသုံးပြုနေခဲ့တဲ့ ပရိသတ်တွေ ဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။

Microsoft အနေနဲ့ Streaming လောကကို ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် လက်ရှိအချိန်မှာ Streaming လောကမှာ ကြီးစိုးထားတဲ့ Twitch Platform ရဲ့ နာမည်ကျော် Streamer တွေဖြစ်တဲ့ Ninja, Shroud တို့ကို‌ ခေါ်ယူခဲ့ပေမယ့်လည်း ကြည့်ရှုသူ အင်အား သိသိသာသာ တိုးတက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် Microsoft အနေနဲ့ နောက်လာမယ့်လပိုင်း အတွင်းမှာသာ ကြည့်ရှုသူတွေ တိုးပွားလာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးဆိုရင် နာမည်ကျော် Streamer တွေ အနေနဲ့လည်း ကြည့်ရှုသူများတဲ့ အခြားသော Streaming Platform တွေကို ပြန်လည် ပြောင်းရွေ့သွားနိုင်တာကြောင့် ဘယ်လို အံ့အားသင့်ဖွယ် ဆွဲဆောင်မှုတွေနဲ့ ပရိသတ်တွေကို Mixer မှာ ကြည့်ရှုရန်အတွက် ဆွဲဆောင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle