WoW Raid တစ်ခုမှာ အချိန်မီ ပါဝင်နိုင်ရန် အတွက် ဒေါ်လာ ၁၃၀၀၀ ခန့် အသုံးပြုကာ သီးသန့် ဂျက်လေယာဉ် ငှားရမ်းခဲ့တဲ့ Shroud

WoW Raid တစ်ခုမှာ အချိန်မီ ပါဝင်နိုင်ရန် အတွက် ဒေါ်လာ ၁၃၀၀၀ ခန့် အသုံးပြုကာ သီးသန့် ဂျက်လေယာဉ် ငှားရမ်းခဲ့တဲ့ Shroud

ကမ္ဘာ့လူကြိုက် အများဆုံး Streamer တွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Michael “Shroud” Grzesiek ကတော့ သူ့အနေနဲ့ WoW Raid တစ်ခုမှာ ပါဝင်နိုင်ဖို့ အတွက် ဒေါ်လာ ၁၃၀၀၀ ခန့် အသုံးပြုပြီး သီးသန့် ဂျက်လေယာဉ်ကို ငှားရမ်းခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Streaming Session တစ်ခုမှာ Shroud အနေနဲ့ အခြားသော Streamer တစ်ဦးဖြစ်တဲ့ Justin “Just9n” Ortiz ကို ဂျက်လေယာဉ် ငှားရမ်း အသုံးပြုဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“ကျွန်တော် လာ့စ်ဗီးဂက်စ်ကို ကိစ္စ တစ်ခုနဲ့ သွားစရာ ရှိတယ်။ အဲဒီကနေ လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ နေအိမ်ကို ပြန်လာပြီး WoW Raid မှာ ပါဝင်နိုင်ဖို့ အတွက် အခုလို သီးသန့် ဂျက်လေယာဉ်ကို ငှားရမ်း အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။

အခြား လေယာဉ်တွေကို အသုံးပြုခဲ့မယ်ဆိုရင် ဈေးသက်သာမှာ အမှန်ပဲ ဖြစ်ပေမယ့် အိမ်ကို အချိန်မီ ပြန်ရောက်ပြီး BWL Raid မှာ ပါဝင်နိုင်ဖို့ဆိုတာ မသေချာတော့ဘူးလေ။ သီးသန့်ဂျက်လေယာဉ် ငှားရမ်းခက တစ်နာရီ ဒေါ်လာ ၆၆၀၀ ဝန်းကျင် ကျသင့်ခဲ့ပါတယ်။ အသွားအပြန် နှစ်နာရီလောက် ကြာခဲ့တယ်ဆိုတော့ ဒေါ်လာ ၁၃၀၀၀ ဝန်းကျင်တော့ ကုန်သွားခဲ့တာပေါ့။

ပုံမှန်လေယာဉ်လိုင်းနဲ့ သွားမယ်ဆိုရင် ဒေါ်လာ ၁၅၀၀ လောက်သာ ကုန်ကျမှာ ဖြစ်ပေမယ့်လည်း ဘယ်လိုမှ အချိန်မီ ပြန်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတော့ စမ်းကြည့်မယ်လေဆိုပြီး ငှားစီးဖြစ်သွားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဥရောပကို သီးသန့်ဂျက်လေယာဉ် ငှားပြီးသွားမယ်ဆိုရင် ဒေါ်လာ ၁ သိန်းဝန်းကျင် ကျသင့်မှာဆိုတော့ အခု ကျွန်တော် အသုံးပြုခဲ့ရတဲ့ ငွေပမာဏက အရမ်းများတယ်လို့တော့ ပြောလို့မရပါဘူး။”

Shroud အနေနဲ့ ဂိမ်းတစ်ခုကို နှစ်သက်သွားပြီဆိုရင် စွဲစွဲမြဲမြဲ ကြိုးစားတတ်တဲ့ အကျင့်တစ်ခု ရှိနေမှန်း ပရိသတ် အများစု အနေနဲ့ သိထားပြီး ဖြစ်တာကြောင့် World of Warcraft BWL Raid မှာ ပါဝင်နိုင်ဖို့ အတွက် အခုလို ငွေကြေး အကုန်အကျခံခဲ့တာဟာ Shroud အတွက် ထူးဆန်းတဲ့ ကိစ္စ တစ်ခု မဟုတ်ကြောင်း ပရိသတ် အများစုကတော့ ပြန်လည် မှတ်ချက် ပေးသွားခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle