Esports Scene တွေမှာ ပါဝင်ဖို့စိတ်ကူးမရှိသေးဘူးဆိုတဲ့ Shroud

Esports Scene တွေမှာ ပါဝင်ဖို့စိတ်ကူးမရှိသေးဘူးဆိုတဲ့ Shroud

Cloud9 CS:GO အသင်းမှာ Pro အနေနဲ့ ဝင်ရောက်ဆော့ကစားဖူးပြီး၊ FPS Shooter မှာဆရာတစ်ဆူဖြစ်တဲ့ Shroud ကတော့ Esports Scene တွေမှာ ပြန်လည်ဝင်ရောက်လာဖို့ စိတ်ကူးမရှိဘူးဆိုပြီး Stream မှာပြောကြားသွားပါတယ်။

Shroud ရဲ့ပရိသတ်တွေကတော့ သူ့ကို Valorant Professional Esports Team တစ်ခုဖြစ်တဲ့ 100 Thieves မှာ ဝင်ရောက်ဆော့ကစားပေးမှာလားလို့ Stream မှာမေးခဲ့ပါတယ်။ ဒါပေမယ့် Shroud ကတော့ တကယ်လို့သာ Stand-In ခေါ်မယ်ဆိုရင်တော့ ဝင်ရောက်ဆော့ကစားပေးမယ်ဆိုပေမယ့် အသင်းထဲမှာ အမြဲတမ်း Player အဖြစ်တော့ ဝင်ရောက်ဆော့ကစားပေးမှာမဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

ဒီသတင်းကြောင့် ပရိသတ်တွေအတော်များများ အားမလိုအားမရ ဖြစ်သွားပေမယ့် Pro Scene မှာမမြင်တွေ့ရတာကြာပြီဖြစ်တဲ့ Shroud အနေနဲ့ အခုလိုမျိုး ဖိအားများတဲ့ Esports Scene မှာ မပါဝင်ချင်သေးတာကိုတော့ နားလည်ပေးလို့ရပါတယ်။

လတ်တလောကမှ Mixer ဖျက်သိမ်းသွားပြီးတဲ့နောက် Shroud တစ်ယောက် Twitch မှာပြန် Stream နေရပြီး၊ နေရာတစ်ခုအတည်တကျပြန်ယူနေတဲ့အချိန်မှာတော့ Esports ပိုင်းကို လက်ရှိအချိန်မှာ ခဏမေ့ထားပြီး Streaming ကိုပဲ အာရုံစိုက်ပြီးလုပ်သွားဖွယ်ရှိပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle