COVID-19 ကပ်ရောဂါကာလအတွင်း စက်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ၏ ကျန်းမာ‌ရေး၊အလုပ်သမားအခွင့်အရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအား အခမဲ့အကြံဉာဏ်တောင်းယူနိုင်မည်

COVID-19 ကပ်ရောဂါကာလအတွင်း စက်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ၏                                               ကျန်းမာ‌ရေး၊အလုပ်သမားအခွင့်အရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအား အခမဲ့အကြံဉာဏ်တောင်းယူနိုင်မည်

Hotline နံပါတ်မှာ 09-750218900 ဖြစ်ပြီး၊ လိုင်းခွဲနံပါတ် (၁) တွင် ဒေါက်တာရည်မွန်သင်း၊ ဒေါက်တာမြတ်သူရ၊ ဒေါက်တာအောင်သန်းတိုး တို့မှ COVID-19 ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ မေးခွန်းများ၊ လိုင်းခွဲနံပါတ် (၂) တွင် CTUM Women Center ၏ ရှေ့နေ ဒေါ်သိင်္ဂီမှ ဥပဒေရေးရာ မေးခွန်းများကို ဖြေကြားပေးသွားမည် ဖြစ်သည်။ ယခုမိတ်ဆက်ပေးလိုက်သည့် Hotline အား ဆက်သွယ်လာသူများ၏ ကိုယ်ရေးအချက်အလက်များကို အပြင်သို့မပေါက်ကြားစေရန် ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး ကျွမ်းကျင်သူများဆီမှ ရရှိမည့် အကြံဉာဏ်များအတွက်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည်မဟုတ်ဘဲ အခမဲ့ မေးမြန်းတိုင်ပင်နိုင်မည်ဖြစ်သည်။ အဆိုပါ Hotline နှင့် လိုင်းခွဲနံပါတ်များကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ၊ နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ဆက်သွယ်နိုင်ပါသည်။

Shwe Job Application ကို ဖန်တီးမိတ်ဆက်ပေးခဲ့သည့် GIZ Fabric လူမှုအဖွဲ့အစည်း၏ စီနီယာ ပရောဂျက် မန်နေဂျာ ဒေါ်စုတာရာလင်းမှ “လက်ရှိ COVID-19 ကာလအတွင်းမှာ ဝန်ထမ်းတစ်ချို့မှာ ကျွန်မတို့ သွားတွေ့ရတာက ကျန်းမာ‌ရေးဖြစ်စေ အလုပ်သမားရေးဖြစ်စေ သူတို့မှာ မရေရာမသေချာမှုတွေရှိနေပေမဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိပ်နားမလည်ကြပါဘူး။ သူတို့အတွက် တိုင်ပင်ဆွေးနွေး လမ်းပြပေးနိုင်မယ့် အကူအညီတွေလိုအပ်နေကြပါတယ်။ ဒီလိုအချိန်မှာ Shwe Job အနေနဲ့ ဝန်ထမ်းတွေလိုအပ်သမျှကို ကူညီပေးနိုင်အောင် သက်ဆိုင်ရာနယ်ပယ်က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သူတို့ဆီက အကြံပေးချက်တွေကို တိုက်ရိုက်ရယူနိုင်စေဖို့ Hotline  တစ်ခုကို အချိန်မီ စီစဉ်ပေးဖြစ်ခဲ့ပါတယ်။ “ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှာ COVID-19 ဖြစ်ပွားမှု စတင်ချိန်မှစ၍ စက်ရုံအလုပ်ရုံ ဝန်ထမ်းများနှင့် အများပြည်သူများအတွက် ဦးတည်ကာ Shwe Job Application ၏ Facebook စာမျက်နှာနှင့် YouTube ရုပ်သံတို့မှ ကျန်းမာရေး အသိပညာပေးနည်းလမ်းများ၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို စိတ်ဝင်စားဖွယ် ရုပ်ပုံများနှင့်၊ ဗီဒီယိုအတိုများအသုံးပြုကာ စဉ်ဆက်မပြတ် တင်ဆက်မျှဝေလျက်ရှိပါသည်။ မကြာသေးမီ ကာလတွင်ပင် Covid-19 နှင့် ပတ်သက်သော ‘မေးလိုရာမေး ကျန်းမာရေး live’ အစီအစဉ်တစ်ခုကို ဒေါက်တာဖြိုးသီဟအား ဖိတ်ကြား၍ ပြုလုပ်ပေးခဲ့ပြီး စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများအနေနှင့် အလုပ်ခွင်အတွင်းနှင့် ပြင်ပတွင် ဆောင်ရန်ရှောင်ရန် ကျန်းမာရေး သိမှတ်ဖွယ်ရာများကို မျှဝေပေးခဲ့သည်။

Covid-19 နှင့်ပတ်သက်၍ အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော နောက်ဆုံး ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သတင်းများနှင့် Shwe Job Application အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် Facebook စာမျက်နှာဖြစ်သော [www.facebook.com/ShweJobApp/]www.facebook.com/ShweJobApp/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Photo Credit -Shwe Job မှ “Hotline” ဖုန်းနံပါတ်တွင် မေးမြန်းဆွေးနွေးပေးသွားမည့် ဥပ‌ဒေရှေ့နေ နှင့် ဆရာဝန်များ

Kelly - Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ