Singapore Festival 2020 မှာ ဖျော်ဖြေပေးမဲ့ နာမည်ကြီး DJ တွေ

Singapore Festival 2020 မှာ ဖျော်ဖြေပေးမဲ့ နာမည်ကြီး DJ တွေ

Singapore Festival 2020 Graden Party ပွဲတော်ကြီးကိုတော့ လာမဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ နဲ့ (၂) ရက်နေ့ ချင်းချောင်းနန်းတော်မှာကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဂီတအမျိုးအစားစုံစုံလင်လင်နဲ့ ဖျော်ဖြေမှာဖြစ်တဲ့ဒီပွဲတော်ကြီးမှာ မြန်မာ နဲ့ စင်ကာပူတို့မှ နာမည်ကြီး အနုပညာရှင်များကလည်း ပူးပေါင်းပါဝင်တင်ဆက်ပေးသွား မှာပဲဖြစ်ပါတယ်။ နေ့ခင်းပိုင်းမှာAcoustic တေးရေး၊ တေးဆို အနုပညာရှင်များက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီးတော့ ညဘက်မှာDJ တွေက အမိုက်စား EDM သီချင်းတွေနဲ့လည်း ဖျော်ဖြေေပးသွားဦးမှာပါ။ DJ line-up အနေနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး DJ တွေအပြင် စင်ကာပူနိုက်ကလပ် Zouk မှDJ များလည်းအားဖြည့်ပါဝင်ထားကြပါတယ်။

ဒီေတာ့ Akhayar ပရိသတ်တွေအတွက်Singapore Festival 2020 မှာ ဖျော်ဖြေပေးမဲ့DJ Line-up တွေနဲ့ ဖျော်ဖြေပေးမဲ့ အချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Local Artists

1.The Kendrick

•          Genre: Moombahton, Techno, Bass House, Big Room

•          Time: 6:45 and 9pm with Nash D (1stFeb), solo set at 7.45pm (2ndFeb)

“Singapore Festival 2020 အတွက် ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ချင်းချောင်းနန်းတော်က သမိုင်းဝင်အဆောက်အဦဖြစ်ပြီးအထူးပွဲတော်တွေ ရှိမှသာဖွင့်တာဆိုတော့တခြားပါဝင်တဲ့ဂီတသမားတွေ၊ အနုပညာရှင်တွေ၊ဒီဇိုင်နာတွေနဲ့ အတူဖျော်ဖြေခွင့်ရတဲ့အတွက်တကယ်ဂုဏ်ယူပါတယ်။နယ်ပယ်တွေမတူပေမဲ့ ကိုယ်မြတ်နိုးတာကို စိတ်အားထက်သန်စွာနဲ့ လုပ်နေတာတော့ ကျွန်တော်တို့အားလုံးတူကြပါတယ်"

2.W-A.I

·       Genre: Techno, House, Hip Hop, Dance, Indie

·      Time: 5:30pm on 1 February

“ပွဲတော်ကို လာရောက်တဲ့ပရိသတ်တွေ၊ ကျွန်တော့်ဖျော်ဖြေမှုကို လာနားထောင်တဲ့သူတွေက ကျွန်တော်ရွေးချယ်ထားတဲ့technoနဲ့houseသီချင်းတွေကို သဘောကျကြမှာပါ။ အလုပ်များတဲ့ တစ်ပတ်တာ အပြီးမှာ ကျွန်တော်နဲ့ အတူလာအပန်းဖြေကြပါ..."

3.Yu KT

·       Genre: Nu Disco, Tropical, Deep house

·       Time: 5:30pm (2nd Feb)


“Singapore Festival 2020 မှာပါ၀င်ခွင့်ရတဲ့အတွက် အရမ်း၀မ်းသာပါတယ်။ ပြီးတော့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဖျော်ဖြေဖို့အတွက်လည်း စောင့်မျှော်နေပါတယ်။ ကျွန်မဆီကနေ နွေရာသီအငွေ့အသက်လေးတွေကို ‌စောင့်မျှော်ပေးကြပါဦးနော်”

4.Su_Su

·       Genre: Tribal Deep House to Techno

·      Time: 6:30pm with Nash D, 7:30pm (1st Feb)

“ဂီတအလုပ်ကို မစခင်တုန်းက ကျွန်တော်က စားဖိုမှူးတစ်ယောက်လုပ်ခဲ့ပါတယ်။ မြန်မာရိုးရာတူရိယာတွေကို electronic ဂီတ နဲ့ပေါင်းစပ်ထားတဲ့ ဖန်တီးမှုတွေနဲ့ အံသြစရာကောင်းတဲ့ သမိုင်းအမွေအနှစ်ဖြစ်တဲ့ ဒီနေရာမှာ ခင်းကျင်းပြင်ဆင်ပေးချင်ပါတယ်"

Singapore DJs from Zouk Singapore

1.Nash D

·       Genre: Hip Hop

·       Time: 6:30pm with Su Su and 8:45pm with T-Fresh (1st Feb), 6:45 pm and  9 pm with The Kendrick (2nd Feb)

ကျွန်တော်ရဲ့ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်ကတော့ Singapore Festival 2020 ပဲဖြစ်ပါတယ်။ ကျွန်တော်ဒီနိုင်ငံရဲ့ ဂုဏ်သတင်းတွေ အများကြီးသိထားပါတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံး Garden Party မှာ တခြား ဂီတပညာရှင်တွေနဲ့ အတူ ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပါြပီ။”

2.T-Fresh

·       Genre: Hip Hop

·       Time:8:45pm on 1 February

ကျွန်တော့်ဂီတပုံစံက ပုံစံအမျိုးမျိုးရှိတယ်။ ပျော်စရာကောင်းတယ်။ စိတ်လှုပ်ရှားစေတယ်။ ဒီလိုဂီတမျိုးကို ရန်ကုန်က Singapore Festival ဆီ ကျွန်တော်ယူလာမှာပါ။ Singapore Festival 2020 မှာ ဖျော်ဖြေဖို့ ကမ်းလှမ်းခံရတာ အရမ်းဝမ်းသာပါတယ်။ စနေတနင်္ဂနွေ ရုံးပိတ်ရက်မှာ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးပေးဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ.."

Singapoer Festival ပွဲတော်ကြီးရဲ့ အသေးစိတ်အချက်အလက်များကို https://www.facebook.com/events/444349939827796/တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပြီး လက်မှတ်များကိုတော့ http://bit.ly/SingFest2020 တွင်စာရင်းပေးသွင်းနိုင်ပါတယ်။

Photos Credits

T (Akhayar)