စင်ကာပူ အဆိုတော် JJ Lin ရဲ့ Dota2 အသင်းမှာ ဝင်ကစားသွားမယ့် Mushi နဲ့ Ninjaboogie

စင်ကာပူ နိုင်ငံသား နာမည်ကျော် အဆိုတော် JJ Lin ပိုင်ဆိုင်တဲ့ Esports အဖွဲ့အစည်း Still Moving Under Gunfire (SMG) ကတော့ Dota2 လောကထဲကို စတင် ဝင်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။ SMG အနေနဲ့ Arena of Valor, PUBG, MLBB စတဲ့ Esports နယ်ပယ်တွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယခုအခါမှာတော့ Dota2 နယ်ပယ်ကိုပါ ချဲ့ထွင်လာခဲ့တာ ဖြစ်ပါတယ်။

SMG Esports အဖွဲ့အစည်းရဲ့ တည်ထောင်သူဖြစ်သူ JJ Lin အနေနဲ့ ငယ်စဉ်ကတည်းက Dota ကို နှစ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာနဲ့ အညီ SMG Dota2 အသင်းကို အောင်မြင်တဲ့ Dota2 အသင်း တစ်သင်း အဖြစ် ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ပြီး SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Dota 2 is a game I’ve been passionate about since I was a kid. Today we finally bring it to professional level by announcing the Team SMG Dota 2 division, game on!
— JJ Lin (@JJ_Lin) January 2, 2021
Dota2陪我成長,也點燃了我對於電競的夢想,今天我們終於成立Team SMG Dota 2 戰隊!希望在新的2021,大家可以取得好成績! https://t.co/Z6Kb0Ua6u2
SMG Dota2 အသင်းမှာ SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ Mushi, Ninjaboogiee, vtFaded, Ahfu တို့ ပါဝင်မှာ ဖြစ်တဲ့အပြင် Mushi, VtFaded တို့နဲ့ အတူ Team IO Dota2 မှာ ဝင်ရောက် ကစားခဲ့တဲ့ Mid Lane ကစားသမား Neah666 လည်း ပါဝင်မှာ ဖြစ်ပါတယ်။ SMG Dota2 အသင်းမှာ ကပ္ပတိန် အဖြစ် Ninjaboogiee က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပြီး ဝါရင့် Mid Laner/ Carry ကစားသမား ဖြစ်တဲ့ Mushi ကတော့ Offlane Position မှာ ပြောင်းလဲ ကစားသွားမှာ ဖြစ်ပါတယ်။

SMG Dota2 အသင်း အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် DPC 2021: Season 1 – SEA Closed Qualifier Stage 1 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာကြောင့် Upper Division ကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
SMG Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Cheng “vtFaded” Jia Hao – Pos 1
- Nea “Neah666” Campbell – Pos 2
- Chai “Mushi” Yee Fung – Pos 3
- Tue “ah fu” Soon Chuan – Pos 4
- Michael “ninjaboogie” Ross – Pos 5
REF: VpEsports