လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် Dota 2 ကစားသမားများ

လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် Dota 2 ကစားသမားများ

DPC ရာသီ တစ်ခုကနေ တစ်ခုသို့ ပြောင်းလဲသွားချိန်မှာ နာမည်ကျော် Dota 2 ကစားသမား အများစု အနေနဲ့ အသင်းသစ်ပေါင်း များစွာရဲ့ ကမ်းလှမ်းမှုကို ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အသင်းကြီး အများစု အနေနဲ့လည်း ကစားသမား အသစ်တွေနဲ့ အသားကျလို့ နေခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor တွေ ကျင်းပတော့မှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် Dota 2 ကစားသမားတွေ ကျန်ရှိနေပါသေးတယ်။

  • MidOne

Yeik “MidOne” Nai Zheng အနေနဲ့ Team Secret Dota 2 အသင်းမှာ လေးနှစ်တိုင်တိုင် ဝင်ရောက် ကစားခဲ့ပြီး The International 2019 ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာတော့ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာပြီးစဉ် အချိန်က စတင်ပြီး MidOne နဲ့ ပတ်သတ်တဲ့ ကောလာဟလပေါင်း များစွာ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အသင်းလက်မဲ့ အဖြစ်သာ တည်ရှိနေပါသေးတယ်။

MidOne အနေနဲ့ အသစ် ပြန်လည် ဖွဲ့စည်းသွားမယ့် SEA အခြေစိုက် LGD. International အသင်းမှာ ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပြင် MidOne ရဲ့ အစ်ကိုလည်းဖြစ်၊ မန်နေဂျာလည်းဖြစ်သူရဲ့ ထုတ်ဖော်ပြောကြားချက်များအရ MidOne အနေနဲ့ ကိုယ်ပိုင် Dota 2 အသင်းကို တည်ထောင်သွားဖို့ ကြံစည်နေတယ်လို့လည်း သိရပါတယ်။

  • S4

Alliance Dota 2 အသင်းနဲ့အတူ The International 2013 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ S4 အနေနဲ့ TI 3 နောက်ပိုင်းမှာလည်း ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းတွေဖြစ်တဲ့ Secret, OG, EG စတဲ့ Dota 2 အသင်းတွေမှာ ကျင်လည်ခဲ့ပြီး TI9 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ EG Dota 2 အသင်းရဲ့ အနားပေးခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ S4 နဲ့ ပတ်သတ်ပြီး ကောလာဟလတွေ ထွက်ပေါ်ခြင်း မရှိသေးတာကြောင့် ဝါရင့် ကစားသမား တစ်ဦးဖြစ်သူ S4 တစ်ယောက် ဘယ်အသင်းကို ပြောင်းရွေ့သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • Sumail

Sumail အနေနဲ့ S4 နည်းတူ TI9 ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့ပြီး အဲဒီနောက်မှာ အစ်ကိုဖြစ်သူ Yawar ပါဝင်တဲ့ Quincy Crew (Chaos Esports Club) ကို ပြောင်းရွေ့သွားခဲ့ပါတယ်။ Quincy Crew Dota 2 အသင်းကို 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် Sumail တစ်ယောက် လက်ရည်စစ်ပွဲတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပေမယ့် လက်ရည်စစ်ပွဲ ပြီးဆုံးချိန်မှာတော့ Sumail အနေနဲ့ Quincy Crew Dota 2 အသင်းက‌နေ ထွက်ခွာသွားခဲ့ပါတယ်။

ဒါ့အပြင် Sumail အနေနဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် OG Dota 2 အသင်းကို ပြောင်းရွေ့သွားနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် Sumail တစ်ယောက် OG Dota 2 အသင်းကို ရောက်ရှိသွားခြင်း ရှိမရှိ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • Ninjaboogie

Ninjaboogie အနေနဲ့ SEA အကောင်းဆုံး Dota 2 အသင်းတွေဖြစ်တဲ့ Mineski, TNC Predator စတဲ့ Dota 2 အသင်းတွေမှာ ကာလရှည် ကစားခဲ့ပေမယ့်လည်း TI9 ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာ Mineski Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ နောက်ထပ် နာမည်ကျော် ကစားသမား MidOne နဲ့အတူ DreamLeague Season 13 Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ကစားခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် Ninjaboogie တစ်ယောက် MidOne နဲ့အတူ အသင်းသစ် တစ်သင်းကို ပူးတွဲတည်ထောင်သွားမလား ဒါမှမဟုတ် အသစ်ပြန်လည် ဖွဲ့စည်းသွားဖွယ်ရှိတဲ့ Mineski Dota 2 အသင်းမှာပဲ ပြန်လည် ဝင်ရောက်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • Saksa

Saksa အနေနဲ့လည်း TI9 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်ကတည်းက Dota 2 လောကကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ မကြာသေးခင် အချိန်က Saksa တစ်ယောက် ကိုယ်ပိုင် Twitter စာမျက်နှာမှာ ဖော်ပြသွားချက်များအရ European Support MMR စာရင်းရဲ့ ထိပ်ဆုံး ၃ နေရာကို Dota 2 အကောင့်သုံးခုဖြင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Saksa အနေနဲ့ Support Role ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သလို နည်းပြအဖြစ်လည်း ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်တာကြောင့် Saksa အနေနဲ့ Dota 2 လောက အထဲကို ဘယ်ရာထူးဖြင့် ပြန်လည် ဝင်ရောက်လာမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle