အကြောပြတ်တာနေတာတွေကိုလျော့နည်းအောင်လုပ်နည်း

အကြောပြတ်တာနေတာတွေကိုလျော့နည်းအောင်လုပ်နည်း

မိန်းကလေးတော်တော်များများက  မျိုးရိုးဗီဇကြောင့်ဒါမှမဟုတ်ကိုယ့်ရဲ့အသားအရေကတင်းမားမှုတွေကြောင့်ဖြစ်ဖြစ်အကြောပြတ်လေ့ရှိတတ်ကြပါတယ်။ဒီအကြောပြတ်တဲ့လက္ခဏတွေကကလေးမွေးပြီးတဲ့မိခင်တွေ၊ အဝလွန်တဲ့မိခင်တွေမှာအဓိကဖြစ်ပါတယ်။ဒီလိုမျိုးအကြောပြတ်တာတွေဖြစ်လာပြီဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကုလို့ရလဲဆိုတာအကြံလေးတွေပေးချင်ပါတယ်။


သဘာဝနဲ့ပြုလုပ်ထားတဲ့ဆီတွေလိမ်းပါ
အကြောပြတ်ခြင်းကိုလျင်မြန်စွာမသက်သာနိုင်ရင်တောင်  ဒီလိုသံလွင်ဆီတို့ အုန်းဆီစစ်စစ်တို့ကိုအကြောပြတ်နေတဲ့နေရာတွေမှာလိမ်းပြီးအသားအရေကိုဆွဲတင်းပြီးနှိပ်ပေးရပါမယ်။တစ်နေ့ကို ၁၅  မိနစ်လောက်နှိပ်ပေးရင်တောင် ရက်အတော်တန်ကြာရင်သက်သာသွားနိုင်ပါတယ်နော်။


လေ့ကျင့်ခန်းလုပ်ပေးပါ
လေ့ကျင့်ခန်းလုပ်ပေးခြင်းကကိုယ့်ခန္ဓာကိုယ်ရဲ့အဆီတွေကိုလျော့နည်းစေတဲ့အပြင် အကြောပြတ်ခြင်းကိုလည်းဖြစ်စေဖို့အခွင့်လမ်းပိုနည်းပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာအသားကိုကျစ်လစ်စေတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပေးသင့်ကပါတယ်၊ဘာလို့လည်းဆိုရင် ကိုယ့်ရဲ့အသားအရေတွေကကျစ်လစ်နေရင်အရေပြားတွဲတာမျိုးတွေမဖြစ်စေပဲ ပုံမှန်အသားအရေလိုပြန်ဖြစ်နိုင်ပါတယ်။


အသား၊ငါးဓာတ်ပြည့်ဝအောင်နေပါ
အသားမှာပါဝင်တဲ့ ပရိုတိန်းဓာတ်ကကိုယ့်ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဓာတ်တွေကိုဖြည့်တင်းပေးနိုင်တဲ့အပြင်အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေကိုလည်းသက်သာစေပါတယ်။ငါးဓာတ်ကိုတော့ အဓိကစားပေးစေချင်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit - Free pik