ကြည်လင်းဝင်းပတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့အတွက်မဖြစ်မနေလုပ်သင့်တဲ့ Skin Care Step လေးတွေ

ကြည်လင်းဝင်းပတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့အတွက်မဖြစ်မနေလုပ်သင့်တဲ့ Skin Care Step လေးတွေ

မိတ်ကပ်ထူထူကြီးတွေလိမ်းချင်တယ်ဆိုရင် Skin Care လေးတော့ကောင်းကောင်းလုပ်သင့်ပါတယ်။ဘာလို့လည်းဆိုတော့ ကိုယ့်ရဲ့အသားအရေကမကြည်ဘူးဆိုရင် မိတ်ကပ်ဘယ်လောက်ပဲ့လိမ်းလိမ်းမလှပါဘူး။ပျိုပျိုမေမေတို့အတွက်နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့မျက်နာရဲ့ Skin လေးကစိုစိုလေးနဲ့နေ့တိုင်းလှနေအောင်သုံးသင့်တဲ့ Skin Care Step လေးတွေပြောပြပေးမယ်နော်။

Toner
Toner က ကိုယ့်မျက်နှာကိုဆေးကြောသန့်စင်ပြီးရင် ပထမဆုံး Step အနေနဲ့မသုံးမဖြစ်သုံးရတဲ့အရည်ကြည်တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့သဘောသဘာဝက အညစ်အကြေးကိုအဓိကဖယ်ရှားပြီးသန့်စင်ပေးတာဖြစ်ပါတယ်။မျက်နှာသစ်ပြီးကျန်ရှိနေတဲ့အညစ်အကြေးတွေ ပြန်လည်သန့်စင်ပေးတာပေါ့နော်။နောက်ပြီး မျက်နှာအဆီအပေါက်တွေကိုကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေပါတယ်။

Essence
Essence ကအားလုံးထဲမှာပြင်းအားအနည်းဆုံးပါ။ တချို့က Treatment Water လို့ခေါ်ကြပါတယ်။အရေးပြားလိုအပ်နေတာတွေကိုအဓိကဖြည့််တင်းပေးတဲ့အရည်ကြည်လေးတစ်မျိုးပေါ့နော်။Essence ကအမျိုးအစားသုံးမျိုးရှိပါတယ်။

-Whiting Essence ဆိုတာက မျက်နှာဝင်းမွတ်တောက်ပတဲ့နေရာမှာအသုံးဝင်ပါတယ်။
-Proe Control Essence ကတော့အဆီပြန်ခြင်းကိုထိန်းချုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်။
-Skin Facial Treatment ကအရေပြားကိုပြုပြင်ပေးတာဖြစ်ပါတယ်။အဆီဓာတ်ကိုအခြေခံတဲ့ Essence မျိုးလည်းရှိပါသေးတယ်။အများစုက Msndelic Acid ပါပါတယ်။

Moisturizer
Moisturizer ကအရေပြားအပေါ်ယံကို ပြင်ပလေတု၊ရာသီဥတုနဲ့တိုက်ရိုက်မထိအောင်အလွှားပါးတစ်ခုနဲ့ကာကွယ်ပေးတယ်ဆိုတဲ့သဘောပါ။ရေဓာတ်လိုအပ်နေတဲ့ အသားအရေမျိုးဆိုရင်တော့မဖြစ်မနေသုံးကိုသုံးသင့်ပါတယ်။

Serum
Serum က Essence ထက်ဓာတုပါဝင်မှုပိုများပါတယ်။Serum ကအရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေနိုင်တာမို့အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။လေတုညစ်ညမ်းမှုကြောင့်အရေပြားပျက်စီးတာကိုကာကွယ်ပေးနိုင်ပါတယ်။သူက အရေပြားအတွင်းပိုင်းထိနက်ရှိင်းစွာဝင်ရောက်ပြီးအသားအရေတွန့်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

Booster
Booster ဆိုတာက Serum/Essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရပါတယ်။ Booster  သုံးခြင်းအားဖြင့် Essence/Serum ရဲ့အာနိသင်ကိုပိုကောင်းစေပါတယ်။

Finsher
မျက်နှာအရေပြားတောက်ပအောင်ပြုလုပ်ပေးတဲ့အဆင့်ပါ။တကယ်တော့ အဆင့်တွေအားလုံးလိမ်းပြီးလို့အရောင်တင်တဲ့သဘောပါ။ Toner , Serum, Essence ,Moisturisers တို့အားလုံးပြီးနောက်မှ အရေးပြားထိန်းပစ္စည်းတွေကိုကြာရှည်ခံပြီး Glow နေအောင်ထိန်းပေးတဲ့အရာဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle