ကိုယ့် Body နဲ့လိုက်ဖက်တဲ့ စကတ်အမျိုးအစားကိုဘယ်လိုရွေးချယ်သင့်လဲ
စကတ်ဆိုတာကလည်း မိန်းကလေးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစားတစ်ခုလည်းဖြစ်ပါတယ်။စကတ်တွေကအသက်အရွယ်မရွေးဝတ်လို့ရတဲ့ Design လည်းဖြစ်ပါတယ်။ စကတ်ဆိုတာက အရှည်တွေအတိုတွေက ကိုယ့်အရပ်အပေါ်မူတည်မှုတော့ ရွေးချယ်ရပါတယ်။အဲ့လိုဆို ကိုယ်နဲ့ လိုက်ဖက်တဲ့ စကတ်မျိုးကိုဘယ်လိုရွေးချယ်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။
Split Midi Skirt
Split Midi Skirt တွေက အခုနောက်ပိုင်းခေတ်စားလာတဲ့ Design လို့လည်းပြောလို့ရပါတယ်။သူက Midi Skrit တွေကအရမ်းလည်းမရှည်သလို ဘေးကလည်းအခွဲလေးဒီဇိုင်းဆန်းသစ်တယ်လို့ပြောလို့ရပါတယ်။သူက Body Type အမျိုးမျိုးရွေးချယ်သင့်ပါတယ်။
Photo Credit -Mod
Plaid Mini Skirt
Plaid တွေကMini စကတ်လေးထဲကအကွက်လေးတွေနဲ့ Retro Design အမျိူးမျိူးပေါ်လာတာအားလုံးလည်းသိမှာပါ။အခုခေတ်တွေက ကောင်မလေးတွေက Athletic ဖြစ်တဲ့ Design တွေမျိုးဝတ်လာကြတယ်ဆိုတော့ ကိုယ်ကလူငယ်တစ်ယောက်ဆိုရင် ရှိသင့်ပါတယ်နော်။
Photo Credit -Pinterest
Jeans Skirt
Jeans Skirt ကတော့ ဘယ်တော့မှမရိုးသွားတဲ့ Skirt အမျိုးအစားတစ်ခုလို့လည်းပြောလို့ရပါတယ်။ဘယ်နေရာသွားသွားစတိုင်ကျပြီးတော့ ဘယ်ခန္ဓာကိုယ်အမျိုးအစားမဆိုဝတ်သင့်ပါတယ်နော်။ Jeans Skirt တွေကဘယ်အခေတ်အခါမှပြောင်းလဲမသွားသလို အပေါ်ကလည်း Shirt တွေနဲ့လည်းတွဲဝတ်လို့အဆင်ပြေပါတယ်။
Photo Credit -Pipi
Kelly -Akhayar Lifestyle