အိပ်ပျော်နေရင်း လမ်းလျှောက်တတ်တဲ့ရောဂါက အန္တရာယ်ရှိလား
ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဆိုတာကလည်း ကောင်းသောအနားယူခြင်းတစ်မျိုးပါနော်။တစ်ချို့လူတွေကအိပ်ပျော်ရင်းနဲ့ လည်းထရောင်တတ်တာမျိုး ၊ စကားတွေထပြောတတ်တာမျိုး၊ လမ်းထလျှောက်တာမျိုးတွေဖြစ်တတ်ပါတယ်။အိပ်ပျော်နေရင်းလမ်းထလျှောက်တာကတော့ လူတိုင်းတော့မဖြစ်ပါဘူး ။ အိပ်ပျော်တုန်းလမ်းလျှောက်တဲ့လူတော်တော်များများက လမ်းလျှောက်တုန်းလုပ်ခဲ့တဲ့အရာတွေကိုနိုးလာတော့ပြန်မှတ်မမိတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါကို Homicidal Sleepwalking လို့ခေါ်ပါတယ်။
နိုင်ငံခြားတွေမှာဆိုရင် အဲ့လိုအိမ်ပျော်ရင်းလမ်းထလျှောက်တဲ့သူတွေက လူသတ်မှုတွေ ၆၈ခုရှိနေပါပြီလို့လည်သိရပါတယ်။ ဘာကြောင့်ဒီလိုတွေဖြစ်တာလဲ ဆိုရင် စိုးရိမ်စိတ်တွေကြောင့်၊စိတ်တွေအလွန်အကျွံပူတာကြောင့် ၊စိတ်ဖိစီးမှုတွေကြောင့် လဲဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇတွေကြောင့်လည်းဖြစ်တတ်ပါတယ်။
ညဘက်တွေဆိုလည်း အိပ်ပြီး ၁ နာရီ၊၂ နာရီကြားမှာထဖြစတတ်ပါတယ်။ ကိုယ့်အဲ့လိုမျိုးဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် ကုသလို့ရတဲ့နည်းတွေလည်းရှိပါတယ်။အိပ်ရေး၀၀ပြန်အိပ်ပါ၊ ပြည့်ပြည့်၀၀၊နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပေးဖို့တော့လိုပါတယ်။လေ့ကျင့်ခန်းခန်းများများလုပ်ပေးပါ။ ကိုယ့်အခြေအနေက အရမ်းမဆိုးရွာခင် ဆရာဝန်နဲ့တိုင်ပင်တာမျိုးလုပ်ပေးသင့်ပါတယ်။
Kelly- Akhayar Lifestyle
Photo Credit -istock