ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ တက်တူးသေးသေးလေးတွေထိုးသင့်တာလဲ

ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ တက်တူးသေးသေးလေးတွေထိုးသင့်တာလဲ

တက်တူးတွေက အခုနောက်ပိုင်းမှာအရမ်းကိုခေတ်စားလာတဲ့ Trend တစ်ခုလို့လည်းပြောလို့ရပါတယ်။ တက်တူးထိုးတယ်ဆိုတာ မကောင်းတဲ့လူတွေပဲထိုးကြတယ်ဆိုတဲ့ အမြင်တွေကခေတ်ကုန်ပါပြီနော်။ တက်တူးက ကိုယ့်ရဲ့အသားအရေပေါ်မှာ ပန်းချီဆွဲတဲ့သဘောမျိုးပါနော်။ အမြင်တွေပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေလည်းထိုးလာကြပါတယ်။မိန်းကလေးတွေ အနေနဲ့တက်တူးထိုးမယ်ဆိုရင်လည်း ကိုယ့်ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာထိုးရင်အမြင်မရိုင်းလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
လည်ပင်းအနောက်မှာ
လည်ပင်အနောက်မှာထိုးရင် ကိုယ့်ဝတ်တဲ့ အဝတ်အစားတွေအပေါ်မူတည်ပြီး မမြင်အောင်ဖုန်းထားလို့ရပါတယ်။ကိုယ့်ရဲ့လည်ပင်းအနောက်တွေမှာ ဆိုကိုယ်ရဲ့ Zodia Signs လေးတွေထိုးရင်ပိုမိုက်ပါတယ်။လူကြီးတွေမမြင်အောင်လည်း ကာလို့ရသလို အင်္ကျီတွေနဲ့လည်းကာလို့ရပါတယ်။


ခါးဘက်မှာ
အခုနောက်ပိုင်း ဆို Crop- Top လေးတွေကလည်းမိန်းကလေးတော်တော်များများဝတ်လာကြတယ်ဆိုတော့  ခါးနားလေးမှာသေးသေးလေးတွေထိုးထားရင် အထာလည်းကျသလို၊ အမြင်လည်းမရိုင်းပါဘူးနော်။အဲ့လိုနေရာတွေမှာဆို ကိုယ့်ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့ စာတန်းလေးတွေထိုးသင့်ပါတယ်နော်။


Collarbone
မိန်းကလေးတွေအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုပြောပါဆိုရင် Collarbone ပါ။ Collarbone ပေါ်မှာတက်တူးလေးတွေရှိတဲ့မိန်းကလေးကညို့အားပြင်းတဲ့ အရာတစ်ခုလို့ပြောလို့ရပါတယ်။ Collarbone ပေါ်မှာဆိုစာလုံးလေးတွေရေးတာမျိုး ကိုယ့်ရဲ့လက်မှတ်တွေမျိုးထိုးသင့်ပါတယ်နော်။


လက်ချောင်းကြားမှာ
လက်ချောင်းကြားမှာ တက်တူးသေးသေးလေးတွေကလှုပ်ရှားမှုတိုင်းကိုဆွဲဆောင်မှုရှိစေမှာအမှန်ပါ။ အသဲပုံသေးသေးလေးတွေထိုးတာမျိုး ၊ ကိုယ်နဲ့အမှတ်တရဖြစ်တဲ့ ပုံစံလေးတွေမျိုးထိုးသင့်ပါတယ်နော်။

Photo Credit - Dazhimen.com

Kelly - Akhayar Lifestyle