အစားအစာတွေကို Waste မဖြစ်အောင် ဘယ်လိုလျော့ချမလဲ

အစားအစာတွေကို Waste မဖြစ်အောင် ဘယ်လိုလျော့ချမလဲ

အိမ်တစ်အိမ်မှာ အဓိကငွေယိုပေါက်က မီးဖိုချောင်က ဟုတ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတဲ့အတိုင်းပဲ အိမ်ရဲ့မီးဖိုချောင်ကို ဦးစီးနေသူအဖို့ တစ်နေ့တစ်နေ့ အိမ်သားတွေအတွက် ဘာဝယ်ရမလဲ၊ ပိုက်ဆံအများကြီးမကုန်ဘဲ ဘာတွေကို ဘယ်လိုအကောင်းဆုံး လုပ်ရမလဲဆိုပြီး တစ်နေ့တစ်နေ့ ခေါင်းစားရတာအမော မဟုတ်လား။ အခုပြောပြမယ့် အစားအစာတွေကို အလဟဿမဖြစ်အောင် လျော့ချနိုင်တဲ့နည်းလမ်းတွေက ပရိသတ်ကြီးအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

(၁) မလိုအပ်တာတွေ မဝယ်ပါနဲ့


တစ်ပတ်စာဆို တစ်ပတ်စာ၊ တစ်ရက်စာဆိုလည်း တစ်ရက်စာဆိုပြီး သတ်မှတ်ဈေးဝယ်တယ်ဆိုရင် ကိုယ်ချက်စားမယ်လို့ အစီအစဉ်ချထားတဲ့ ဟင်းခွက်အတွက် လိုအပ်တဲ့ အမည်တွေကိုပဲ ဝယ်ပါ။ ကလေးတွေအတွက် မုန့်ဆိုလည်း မုန့်တွေပေါ့။ မဝယ်လည်း ဖြစ်တဲ့အရာတွေကို ချန်ထားခဲ့ပါ။

(၂) မျက်စိနဲ့ တန်းမြင်ရတဲ့နေရာတွေမှာထားပါ


တချို့လွှင့်ပစ်လိုက်ရတဲ့ စားစရာတွေက ချောင်ကြိုချောင်ကြားထဲ ရောက်နေလို့ Expire လွန်သွားပြီး မလွှင့်ပစ်သင့်ဘဲ လွှင့်ပစ်လိုက်ရတာတွေ ကြုံဖူးမှာပေါ့။ ရေခဲသေတ္တာထဲမှာဖြစ်ဖြစ်၊ ကြောင်အိမ်ထဲမှာဖြစ်ဖြစ် ထည့်ထားမယ်ဆိုရင်တော့ အလွယ်တကူမြင်နိုင်တဲ့နေရာတွေမှာပဲ ထားဖို့ တိုက်တွန်းချင်ပါတယ်။

(၃) မြေသြဇာအဖြစ်ပြောင်းလဲနိုင်ပါတယ်


ဟင်းသီးဟင်းရွက်တွေလို ဆွေးမြည့်နိုင်စွမ်းရှိတဲ့ အစားအစာတွေက မြေကြီးအတွက် အထောက်အကူပြုမယ့် ဘဘာဝမြေသြဇာတွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဘယ်လိုဘယ်ပုံလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုတော့ အင်တာနက်မှာ အလွယ်တကူရှာဖွေလေ့လာနိုင်ပါတယ်။

(၄) ဟင်းအကျန်တွေကို လွှင့်ပစ်စရာမလိုပါဘူး


ဟုတ်ပါတယ်။ စားပြီးလို့ မကုန်တဲ့ ဟင်းအကျန်တွေကို လွှင့်မပစ်ဘဲ ပြန်အသုံးချနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကို အရင်ကလည်း အခရာပြောပြပေးဖူးတာမို့ ဒီ Link လေးမှာ သွားကြည့်နိုင်ပါတယ်နော်။

(၅) အိမ်နီးချင်းတွေနဲ့ သူငယ်ချင်းတွေကို ဝေမျှပါ


အိမ်မှာတစ်ခုခုလုပ်စားလို့ လက်လွန်သွားတယ်ဆိုရင် စိတ်မညစ်ပါနဲ့။ အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို ကျွေးလို့ရပါတယ်။ ဒီနည်းက အလကားမဖြစ်တဲ့အပြင် ကိုယ်အနီးအနားကလူတွေကိုပါ ဂရုစိုက်သလိုပါ ဖြစ်စေပါတယ်။

(၆) အလှူဒါနပြုပါ


နောက်ဆုံးပြောပြချင်တဲ့ နည်းလမ်းကတော့ ကုသိုလ်ရစေမှာပါ။ အိမ်ခြေရာမဲ့ဖြစ်နေတဲ့ လမ်းဘေးကလူတွေကို ပေးကမ်းလိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ကိုယ်မစားလို့ ကျန်တဲ့ဟာတွေကို ပေးကမ်းရမယ်လို့ မဆိုလိုပါဘူး။ အကြောင်းကြောင်းကြောင့် စားစရာတွေပိုနေတာ ဥပမာ – Bakery တစ်ခုဖွင့်ထားတယ် ဆိုကြပါစို့။ ဆိုင်ရဲ့ ကွာလတီကို ထိန်းသိမ်းတဲ့အနေနဲ့ ကျန်နေတဲ့မုန့်တွေကို နောက်နေ့ရောင်းဖို့မထားတော့ဘဲ ပေးကမ်းလိုက်တာမျိုးကို ဆိုလိုပါတယ်။
Photo Credit & Reference: healthychameleon.com
NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle