နောက်တစ်ကြိမ် အသင်းလက်မဲ့ ဖြစ်သွားပြန်တဲ့ CSGO ပရို Smooya

နောက်တစ်ကြိမ် အသင်းလက်မဲ့ ဖြစ်သွားပြန်တဲ့ CSGO ပရို Smooya

ဗြိတိန် အခြေစိုက်၊ နာမည်ကျော် CSGO ကစားသမား Owen “Smooya” Butterfield ကတော့ နောက်တစ်ကြိမ် အသင်းလက်မဲ့ ဖြစ်သွားပြန်ပြီ ဖြစ်ကြောင်းကို ထပ်မံ အတည်ပြုပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလလယ်ခန့်က Smooya နဲ့ Heroic CSGO အသင်းရဲ့ အရံကစားသမား Marco “Snappi” Pfeiifer တို့ကို အာရှအခြေစိုက် CSGO အသင်း Tiger က ခေါ်ယူသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Tiger CSGO အသင်း အနေနဲ့ ESL One: Road to Rio Asia, Weibo Cup Asia Professional Championship 2020, ImbaTV CSGO Development League Season 1 စတဲ့ ပြိုင်ပွဲတွေမှာ ဆက်တိုက် ဆိုသလို အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူမယ့် အစီအစဉ်ကို ရုတ်တရက် ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့် Smooya နဲ့အတူ Tiger သို့ ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ သတင်းထွက်ခဲ့တဲ့ Snappi အနေနဲ့ Astralis CSGO အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ပြောင်းရွေ့သွားခဲ့သလို Smooya အနေနဲ့လည်း အသင်းလက်မဲ့ ဘဝကို ထပ်မံ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို အခုလို ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

“နောက်ဆုံးမှာတော့ အသင်းလက်မဲ့ ဘဝကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ EU/ NA အခြေစိုက် အသင်းများမှာ ကစားသွားဖို့ အတွက် ကျွန်‌တော့် အနေနဲ့ ဆန္ဒရှိနေပါတယ်။ နောက်ပြီးတော့ ကျွန်တော့် စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း မရှိကြောင်းကို အမြန်ဆုံး သက်သေပြနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။"

Smooya အနေနဲ့ ဂျာမနီ အခြေစိုက် BIG CSGO အသင်းနဲ့ အတူ နာမည်ရလာခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ NA အခြေစိုက် Chaos Esports CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ Chaos Esports အသင်းမှာလည်း Smooya တစ်ယောက် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း COVID-19ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်လာပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာကြောင့် Chaos ကို ရောက်ရှိပြီး နှစ်လခန့် အကြာမှာပဲ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာ Smooya တစ်ယောက် အသင်းလက်မဲ့ ဖြစ်နေကြောင်းကို တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်တာကြောင့် လက်စွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Smooya ကို ဘယ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူသွားမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle