စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားတာကြောင့် CSGO လောကကနေ ခေတ္တ အနားယူသွားပြန်တဲ့ Xyp9x

စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားတာကြောင့် CSGO လောကကနေ ခေတ္တ အနားယူသွားပြန်တဲ့ Xyp9x

ကမ္ဘာ့အဆင့် (၁) Astralis CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Andreas “Xyp9x” Hojsleth ကတော့ In-Game Leader ဖြစ်သူ Gla1ve ဖြစ်သူ ခေတ္တ အနားယူကြောင်း ကြေညာပြီး သိပ်မကြာခင် အချိန် အတွင်းမှာပဲ သူလည်းပဲ ခေတ္တ အနားယူတော့မှာဖြစ်ကြောင်း ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် (၂၄) နှစ် အရွယ်ရှိ Xyp9x အနေနဲ့ Astralis CSGO အသင်းမှာ ကစားလာခဲ့တာ လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ စိတ်ဖိစီးမှုတွေ၊ အဆမတန် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရလျက် ရှိတာကြောင့် အခုလို ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ CSGO ကစားဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးလျက် ရှိတာကြောင့် အခုလို အသင်းကနေ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ အသင်းသားတွေ၊ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဘယ်အချိန်မှ CSGO လောက အထဲကို ပြန်လည် ဝင်ရောက်နိုင်မယ် ဆိုတာကို အတိအကျ ပြောနိုင်ခြင်း မရှိသေးပေမယ့် အမြန်ဆုံး ပြန်လာနိုင်ဖို့တော့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

Astralis အနေနဲ့ Xyp9x နေရာမှာ အစားထိုးဖို့ အတွက် Heroic အသင်းရဲ့ အရံကစားသမား တစ်ဦးဖြစ်သူ Snappi ကို အငှားကစားသမား အဖြစ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား အသစ်နှစ်ဦး ပါဝင်လာမယ့် Astralis CSGO အသင်း အနေနဲ့ ဇွန်လ ၁ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် BLAST Showdown အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် လက်စွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်း သွားနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Snappi

Astralis CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nicolai “Device” Reedtz
  • Peter “Dupreeh” Rasmussen
  • Emil “Magisk” Reif
  • Jakob “JUGi” Hansen
  • Marco “Snappi” Pfeiffer (Stand-In)
  • Danny “Zonic” Sorensen (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ