အိပ်ရင်အရမ်းဟောက်တာကိုဘယ်လိုသက်သာအောင်လုပ်လို့ရလဲ

အိပ်ရင်အရမ်းဟောက်တာကိုဘယ်လိုသက်သာအောင်လုပ်လို့ရလဲ

အိပ်စက်တဲ့အခါမှာ လူတစ်ချို့တွေကဟောက်တတ်ပါတယ်။တစ်ချို့လူတွေကတော့ လမ်းထလျှောက်တာမျိုးတွေ၊ ယောင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒီလိုမျိုးတွေဖြစ်ချင်းက မျိုးရိုးလိုက်တာမျိုးတွေ၊ အသက်ရှုကြပ်တာမျိုးတွေကြောင့်လည်းအဖြစ်များပါတယ်။ လူအများစုကတော့ ကိုယ့်ကိုကိုယ် ဟောက်လို့ဟောက်မှန်းမသိတဲ့လူတွေအများကြီးပါနော်။ဒါကြောင့် ကိုယ်ကအရမ်းဟောက်တဲ့သူဆိုရင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ဖြေရှင်းလို့ရမလဲဆိုတာပြောပြပေးချင်ပါတယ်။
အသက်ရှုလေ့ကျင့်ပါ
အသက်ရှုလေ့ကျင့်ခန်းကို မအိပ်ခင်လေ့ကျင့်ပေးသင့်ပါတယ်။နှာခေါင်းကနေအသကရှုလေ့ကျင့်ကြည့်ပါ။တစ်ချို့သူတွေကပါးစပ်နဲ့ အသက်ရှုရင်းနဲ့ကလည်းဟောက်သံတွေထွက်လေ့ရှိပါတယ်။အဲ့ဒါကြောင့် မအိပ်ခင်နှာခေါင်းကနေအသက်ရှုလေ့ကျင့်ပေးသင့်ပါတယ်။


မအိပ်ခင်အစားမစားပါနဲ့
မအိပ်ခင်အစားတွေအများကြီးစားခြင်းက၊ ကိုယ်ရဲ့အစာခြေပိုးကိုဝန်ပိစေတဲ့အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ကြပ်စေတဲ့အတွက်အစားကိုလည်းအိပ်ရာမဝင်ခင်လျော့စားစေချင်ပါတယ်။ည(၈)နာရီနောက်ပိုင်း မစားတာကတော့အကောင်းဆုံးပါနော်။


ဝိတ်မတက်စေပါနဲ့
အဝလွန်ခြင်းကလည်း အဆုတ်ကိုလည်းထိစေတဲ့အတွက်လေပြွန်ကိုထိစေတဲ့အတွက်အိပ်တဲ့အခါမှာ ဟောက်သံကိုပိုထွက်စေပါတယ်။ဝိတ်ကိုလည်းအတက်အနိုင်ဆုံးထိန်းသင့်ပါတယ် ဘာလို့လည်းဆိုရင်အဝလွန်တဲ့သူတွေကအသက်ရှုလမ်းကြောင်းကြပ်ပြီး ညဘက်အိပ်ရင်လည်းဟောက်တာကိုလည်းပိုပြီးဖြစ်စေပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Pinterest