ပိုးမွှားများအန္တရာယ်ကနေ အသားအရေကို ကာကွယ်ပေးမယ့် သဘာဝ ပစ္စည်းထုတ်ကုန်များ

ပိုးမွှားများအန္တရာယ်ကနေ အသားအရေကို ကာကွယ်ပေးမယ့် သဘာဝ ပစ္စည်းထုတ်ကုန်များ

အခုနောက်ပိုင်းမှာ အလှအပနဲ့ အသားအရေ ထိန်းသိမ်းရေး စက်ကိရိယာတွေ၊ ထုတ်ကုန်ပစ္စည်းတွေက ပိုခေတ်မီလာတာ၊ ပိုရှုပ်ထွေးလာတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် အသားအရေနဲ့ ပတ်သက်လာရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ သဘာဝ ပစ္စည်းတွေက အသားအရေပြဿနာတွေ အတွက် ပိုမိုထိရောက် ကောင်းမွန်ပါတယ်။

သုံးစွဲသူတွေကလည်း ကုန်ပစ္စည်းတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည် လာတဲ့အတွက် သဘာဝပစ္စည်းတွေ ပါဝင်တဲ့ ထုတ်ကုန်တွေကို ပိုပြီးလိုလားလာကြတာဖြစ်ပါတယ်။ လူတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သဘာဝပစ္စည်းတွေကို အမျိုးမျိုးအသုံးပြုခဲ့ကြပါတယ်။ ဥပမာ – ခေါင်းလျှော်ဖို့အတွက် တရော်ကိုအသုံးပြုခဲ့ကြသလို အပူလောင်တာတွေအတွက် ရှားစောင်းလက်ပပ်ကို သုံးကြပါတယ်။ အသားအရေအတွက်ဆိုရင် ပျားရည်၊ သခွားသီးနဲ့ ဒိန်ချဉ် စတာတွေကိုလည်း အသုံးပြုကြတာ အားလုံး အသိဖြစ်မှာပါ။

နေ့စဉ်နဲ့အမျှ ကျွန်တော်တို့တွေဟာ အပူဒဏ်၊ ဖုန်မှုန့်နှင့် ရောဂါပိုးမွှားတွေ ကနေတဆင့် ထိတွေ့နေကြရပါတယ်။ ဒီရောဂါပိုးမွှားတွေက အရေပြားယားယံမှုတွေနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားစေနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ နူးညံ့ချောမွတ်တဲ့ အသားအရေကို အန္တရာယ်ရှိစေတဲ့ ပိုးမွှားတွေ ထိတွေ့ခြင်းမှ ကာကွယ်ဖို့နဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ဖို့ကတော့ ဆပ်ပြာကောင်းကောင်းအသုံးပြုဖို့ လိုအပ်ပါတယ်။ ပိုးမွှားတွေကို သန့်စင်ပေးတဲ့ ကိုယ်တိုက်ဆပ်ပြာမကောင်းရင် အသားအရေ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

လတ်တလောမှာဆိုရင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး Antibacterial ဆပ်ပြာအမှတ်တံဆိပ်ဖြစ်တဲ့ Lifebuoy ဟာ ရှားစောင်းလက်ပတ်နဲ့ Matcha လက်ဖက်စိမ်းကို ရောစပ်ပြီးတော့ Lifebuoy Matcha လို့ခေါ်တဲ့ ရေချိုးဆပ်ပြာအသစ်တစ်မျိုးကို မကြာသေးခင်က မိတ်ဆက်ထားပါတယ်။ Lifebouy Matcha ဟာ အခြား Lifebouy ဆပ်ပြာအမျိုးအစားတွေနဲ့အလားတူ ရောဂါပိုးမွှားများကို ၉၉.၉% အထိ ကာကွယ်ပေးနိုင်တဲ့အပြင် သူ့မှာပါတဲ့ သဘာဝပါဝင်ပစ္စည်းတွေဖြစ်တဲ့ ရှားစောင်းလက်ပပ်နဲ့ Matcha လက်ဖက်စိမ်းတို့ကလည်း ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်တဲ့ ပင်ကိုယ်ဂုဏ်သတ္တိများပါရှိပါတယ်။

ရှားစောင်းလက်ပပ်ဆိုရင် သူ့မှာဗီတာမင်အေ၊ ဗီတာမင်စီနဲ့ Anthraquinone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်း ပါဝင်တဲ့အတွက် အပူလောင်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းတို့အတွက် သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ Matcha လက်ဖက်စိမ်းမှာတော့ အရေပြားအိုမင်းရင့်ရော်မှုကို ထိန်းချုပ်ပေးတဲ့ antioxidants လို့ခေါ်တဲ့ ဒြပ်တစ်မျိုးအပြင် နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကိုကာကွယ်ပေးတဲ့ ကလိုရိုဖီးလ်ဓာတ်လည်း ပါဝင်ပါတယ်။ နောက်ပြီး Matcha လက်ဖက်စိမ်းဟာ အရေပြားအတွင်းထဲက အဆီနဲ့ အညစ်အကြေးတွေကိုပါ ဖယ်ထုတ်ပေးနိုင်တာကြောင့် ဝက်ခြံနဲ့ အခြား အဖုအပိန့်တွေထွက်တာကိုပါ တားဆီးပေးလို့ အင်မတန်အစွမ်းထက်ပါတယ်။

လေထုညစ်ညမ်းမှုမြင့်တက်လာတာနဲ့အမျှ လူထုထဲရောဂါပိုးမွှားတွေ အဆမတန်များပြားလာတဲ့အတွက် လူသားများဟာ ပိုးမွှားများအန္တရာယ်ကို အံတုနိုင်စွမ်းနည်းပါးလာလေဖြစ်ပါတယ်။ လေထဲကမမြင်ရတဲ့ ပိုးမွှားများကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေဟာ အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အရေပြားကို ရရှိနိုင်ဖို့အတွက် သဘာဝပစ္စည်းများ ပါဝင်တဲ့ Antibacterial soap များကိုသုံးခြင်းအားဖြင့် ပိုးမွှားအန္တရာယ်အပြင် ဓာတုပစ္စည်းများရဲ့ဆိုးကျိုးများကိုပါ တပါတည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ဖို့အတွက် သတင်းကောင်းပါးလိုက်ရပါတယ်။

www.akhayarmedia.com