Social Influencer တစ်ယောက်ဟာ ဘယ်လိုကျင့်ဝတ်တွေကို စောင့်ထိန်းရမလဲ

Social Influencer တစ်ယောက်ဟာ ဘယ်လိုကျင့်ဝတ်တွေကို စောင့်ထိန်းရမလဲ

မြန်မာနိုင်ငံမှာ Social Media ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားကျယ်ပြန့်လာတာနဲ့အတူ အမုန်းစကားတွေ၊ သတင်းမှားတွေ၊ အနိုင်ကျင့်ခြင်းတွေနဲ့ အဓိပ္ပာယ်မဲ့အကြောင်းအရာတွေ မှိုလိုပေါက်လာတာ လူတိုင်းသိပါတယ်။ မှိုလိုပေါက်လာတဲ့အထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့အရာက Social Influencer တွေပါပဲ။ ဒီဘက်ခေတ်မှာ Beauty ၊ Fashion ၊ Lifestyle ၊ Tech ၊ Food အပါအဝင် တခြားသောကဏ္ဍမျိုးစုံမှာလည်း Social Influencer တွေ အများကြီးပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ သူတို့မှာ Follower အသင့်အတင့်ကနေ အများအပြားအထိ ရှိကြပြီး သူတို့ကို ချစ်ခင်နှစ်သက်လို့ ဒါမှမဟုတ် အားကျအတုယူလို့ စောင့်ကြည့်နေကြတဲ့ လူငယ်များစွာရှိတဲ့အတွက်ကြောင့် ဒီနေ့ကတော့ Social Influencer တစ်ယောက်ဖြစ်ချင်သူတွေအနေနဲ့ ဘယ်လိုကျင့်ဝတ်မျိုးကို ထိန်းသိမ်းဖို့လိုအပ်လဲဆိုတာ ပြောပြပေးချင်ပါတယ်နော်။

ဘာသာရေး
ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က ဘာသာရေးပါပဲ။ ကိုယ်ဟာ ဘယ်ဘာသာဝင်ဖြစ်နေပါစေ ကိုယ့်ရဲ့ များစွာသော Follower တွေထဲမှာလည်း ဘာသာပေါင်းစုံပါဝင်နေမှာ အသေအချာပါပဲ။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ကောင်းသည်၊ ဆိုးသည် ကိစ္စအ၀၀ကို ဝင်ရောက်ပါဝင်တာမျိုးနဲ့ ဘာသာရေးခွဲခြားတာမျိုးကစလို့ ဘာသာရေးဆွေးနွေးငြင်းခုန်မှုများကိုပါ ရှောင်ရှားသင့်ပါတယ်။ ဒါမှပဲ လူတိုင်းချစ်တဲ့ Social Influencer ဖြစ်နိုင်မှာပါ။

ကြော်ငြာ
Social Influencer တစ်ယောက်က အောင်မြင်လာတာနဲ့အမျှ သူမှသူနဲ့ ကြော်ငြာချင်တဲ့ ကုန်ပစ္စည်းပိုင်ရှင်တွေ များပြားလာတာကို ပြေးလို့လွတ်မှာလည်း မဟုတ်ပါဘူး။ ဒါနဲ့ပဲ ဝင်ငွေရှာနေရတာ မှန်ပေမယ့်လည်း မှန်ကန်ပြီး ရိုးသားတဲ့ Honest Review မျိုးကို Follower တွေဆီ တင်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ နာမည်လေး အတော်အတန်ရလာပြီးမှာ ကြော်ငြာတွေပဲ စွတ်တင်နေလို့ နာမည်ကျသွားတဲ့ Social Influencer တွေကို သာဓကအနေနဲ့ ရှေ့မှာ အများကြီး လေ့လာကြည့်ပါ။ ထုတ်ကုန်တွေဆိုလည်း ကိုယ်တိုင်သေချာစမ်းသုံးကြည့်ပြီးမှ စိတ်ချယုံကြည်ရတဲ့ ကုန်ပစ္စည်းတွေကိုသာ ရွေးချယ်ကြော်ငြာစေချင်ပါတယ်။

အမုန်းစကား
အရေးကြီးတဲ့ နောက်တစ်ချက်က ကိုယ်ဟာ အများပြည်သူရှေ့မှာ အားကျအတုယူစရာလူတစ်ယောက်အဖြစ် ထွက်ရပ်ချင်ပြီဆိုရင် အမုန်းစကားတွေကို တတ်နိုင်သမျှ လျှော့ကျသင့်ပါပြီ။ မုန်းနေရင်လည်း စိတ်ထဲထားလိုက်ပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ Follower များစွာ ကိုယ့်ကိုယ် စောင့်ကြည့်နေတဲ့ Facebook ၊ Instagram နဲ့ Page တွေမှာ ဖြန့်ဝေမယ်ဆိုရင်တော့ ကိုယ်ဟာ အလကားနေရင်း မုန်းတီးပုတ်ခတ်တတ်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကိုယ့်နယ်ပယ်အချင်းချင်းထဲကဆို  အကြောင်းအရာကိုဖြစ်စေ၊ လူတစ်စုံတစ်ယောက်ကိုဖြစ်စေ အမုန်းစကားဖြန့်ဝေလိုက်မိတယ်ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။

ကိုယ်ရေးကိုယ်တာ
စမတ်ကျတဲ့ Follower တော်တော်များများကတော့ Social Influencer တစ်ယောက်ရဲ့ သပွတ်အူကိုယ်ရေးကိုယ်တာတွေနဲ့ မိသားစုအရှုပ်တော်ပုံတွေကို စိတ်မဝင်စားပါဘူး။ သူတို့စိတ်ဝင်စားတာက သင် Review ပေးတဲ့ပစ္စည်းတွေ၊ သင် စွဲစွဲမြဲမြဲအသုံးပြုတဲ့ပစ္စည်းတွေနဲ့ သင့်ရဲ့ ဖက်ရှင်တွေပဲ ဖြစ်မှာပါ။ ဒီတော့ တစ်ခါတလေ ကိုယ်ရေးကိုယ်တာခံစားချက်တွေနဲ့ ကိုယ်ရေးကိုယ်တာအရှုပ်အထွေးတွေကို Social Media မှာ ဖြန့်ဝေဖို့ စဉ်းစားမိမယ်ဆိုရင် ဒီအချက်ကို ပြေးသတိရပေးပါ။

ဒီလေးချက်ကတော့ Social Media မှာ အောင်မြင်ချင်တဲ့ Social Influencer တစ်ယောက်အနေနဲ့ ဘယ်သူမှ လာမတားပေမယ့် ကိုယ်တိုင် ထားရှိရမယ့် ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။ ကျင့်ဝတ်ဘာမှမရှိဘဲ တစ်ရာဖိုးငါးပုဒ် Influencer အဖြစ်ခံမယ့်အစား ကျင့်ဝတ်ရှိရှိနဲ့ စမတ်ကျတဲ့ Social Influencer လေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အခရာပရိသတ်ကြီးတွေလည်း Social Influencer တွေရဲ့ လုပ်ရပ်တွေထဲမှာ ကိုယ်မကြိုက်တဲ့ လုပ်ရပ်တွေရှိနေခဲ့မယ်ဆိုရင် ပြောပြသွားဦးနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle