2021 DPC ရာသီအတွက် အသင်းသစ်ကို ထပ်မံ တည်ထောင်လိုက်တဲ့ Solo

2021 DPC ရာသီအတွက် အသင်းသစ်ကို ထပ်မံ တည်ထောင်လိုက်တဲ့ Solo

ဖျက်သိမ်းသွားတဲ့ Just Error Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Solo ကတော့ CIS အခြေစိုက် လူငယ်ကစားသမားတွေနဲ့ Dota2 အသင်းကို တည်ထောင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ Solo အနေနဲ့ အသစ် တည်ထောင်လိုက်တဲ့ Dota2 အသင်းကို No Techies လို့ အမည် ပေးထားပြီး အဆိုပါ အသင်းမှာ ယခင်တုန်းက လက်တွဲခဲ့တဲ့ ကစားသမားဆိုလို့ W_Zayac တစ်ဦးသာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

Solo

No Techies Dota2 အသင်းမှာ Carry ကစားသမား အဖြစ် Na’Vi Dota2 အသင်းရဲ့ Carry ကစားသမားဟောင်းဖြစ်သူ Crystallize က တာဝန်ယူသွားမှာဖြစ်ပြီး Mid Laner အဖြစ်ကိုတော့ Team Sprit Dota2 အသင်းရဲ့ Mid Laner ဟောင်း Ergon က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Offlaner အဖြစ်ကိုတော့ EXTREMUM, Cyberium, Khan စတဲ့ Tier 2 အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ Malik ကို မြင်တွေ့ရမှာဖြစ်ပြီး Support Duo အဖြစ် Solo နဲ့ Zayac တို့က တွဲဖက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Zayac

Solo ရဲ့ No Techies Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမား အများစုဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသလို Solo ရဲ့ ယခင် လက်တွဲဖော် ကစားသမားတွေလို နာမည်ကျော် ကစားသမားတွေလည်း မဟုတ်တာကြောင့် Solo အနေနဲ့ ထိန်းကျောင်းရ လွယ်ကူမယ့် ကစားသမားတွေနဲ့ အသင်းသစ်ကို ဖွဲ့စည်းဖို့ အတွက် ဆုံးဖြတ်ခဲ့တဲ့ ပုံပါပဲ။

Crystallize

Solo ဦးဆောင်တဲ့ No Techies အဖွဲ့သားတွေ အနေနဲ့ CIS Regional League Season 1 ကို တက်လှမ်းနိုင်ဖို့ အတွက် Open Qualifier ကနေ တစ်ဆင့် စတင် ကစားသွားရမှာ ဖြစ်တာကြောင့် အသင်းပေါင်း မြောက်များစွာကို ဖြတ်ကျော်ပြီး Main Stage ကို တက်လှမ်းလာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

No Techies Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Vladyslav “Crystallize” Krystanek
  • Egor “Ergon” Kozlov
  • Abdimalik “Malik” Sajlau
  • Bakyt “Zayc” Emilzhanov
  • Alexey “Solo” Berezin

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle