CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ အတူ အသင်းသစ်ကို တည်ထောင်သွားမယ့် Sonneiko

CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ အတူ အသင်းသစ်ကို တည်ထောင်သွားမယ့် Sonneiko

Chicken Fighters (လက်ရှိ NiP Dota2) အသင်းကို ဦးစီး တည်ထောင်ခဲ့တဲ့ ကပ္ပတိန်ကြီး Akbar “Sonneiko” Butaev ကတော့ ပရို Dota2 လောက အတွင်းကို အသင်းသစ်နဲ့ အတူ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင် စိတ်တိုင်းကျ ကစားသမားတွေနဲ့ တည်ထောင်ထားတဲ့ NiP Dota2 အသင်းကနေ မထင်မှတ်ဘဲ ထုတ်ပယ်ခံခဲ့ရတဲ့ Sonneiko ဟာ ယခု တစ်ကြိမ်မှာတော့ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ အသင်းသစ်ကို ပြန်လည် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Sonneiko အသစ် ဖွဲ့စည်းလိုက်တဲ့ Dota2 အသင်းမှာ ပါဝင်မယ့် ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • iLTW – Pos 1

iLTW အနေနဲ့ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမယ့် နာမည်ကျော် Dota2 အသင်း အများစုမှာ ဝင်ရောက် ကစားခဲ့ဖူးသလို နောက်ဆုံး ကစားခဲ့တဲ့ အသင်းကတော့ မကြာသေးခင် အချိန်က ဖျက်သိမ်းသွားခဲ့တဲ့ Virtus Pro Dota2 အသင်းပဲ ဖြစ်ပါတယ်။

  • Ergon – Pos 2

Team Spirit Dota2 အသင်း ဖျက်သိမ်းခြင်းနဲ့ အတူ Pub Star ဘဝကို ပြန်လည် ရောက်ရှိသွားခဲ့တဲ့ Ergon ဟာ ဆိုရင်လည်း Sonneiko ရဲ့ အသင်းသစ်မှာ Mid Laner အဖြစ် ပြန်လည် ကစားသွားမှာ ဖြစ်ပါတယ်။

  • Afterlife – Pos 3

CIS Dota2 လောကရဲ့ ဝါရင့် Offlane ကစားသမား တစ်ဦးဖြစ်တဲ့ Afterlife အနေနဲ့လည်း Team Spirit ဖျက်သိမ်းသွားချိန်က စတင်ပြီး အသင်းပေါင်း များစွာမှာ ပြောင်းရွေ့ ကစားခဲ့ပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပါတယ်။ ဒါပေမယ့်လည်း Afterlife ဟာ CIS ဒေသရဲ့ အကောင်းဆုံး Offlane ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက် ရှိသေးတာကြောင့် Sonneiko အနေနဲ့ အခုလို အသင်းအတွက် ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

  • Immersion – Pos 4

Na’Vi Dota2 အသင်းမှာ နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ Immersion ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Immersion ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ကောင်းမွန်တာကြောင့် Sonneiko ဦးဆောင်တဲ့ အသင်းမှာလည်း လက်စွမ်းကောင်းတွေကို ဆက်လက် ပြသသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

  • Sonneiko – Pos 5

Hard Support/ Captain အဖြစ်ကိုတော့ Sonneiko က ဝင်ရောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Sonneiko ဟာဆိုရင် CIS Dota2 လောကရဲ့ အကောင်းဆုံး ကပ္ပတိန်တွေ အထဲမှာ တစ်ဦး အပါအဝင် ဖြစ်တာကြောင့် ယခု အသင်းကိုလည်း အနေအထား တစ်ခု အထိ ရောက်ရှိအောင် တွဲခေါ်သွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။

လက်ရှိအချိန်မှာ Sonneiko တို့ တစ်သိုက် အနေနဲ့ ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်သွားဦးမှာ မဟုတ်ဘဲ လေ့ကျင့်မှုတွေသာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး Omega League Season 2 မှသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle