ကစားသမား အပြောင်းအလဲ တစ်ခု ပြုလုပ်ခဲ့တဲ့ Dota2 အသင်း Beastcoast

တောင်အမေရိက ဒေသရဲ့ လက်စွမ်းပိုင်း တည်ငြိမ်မှု အရှိဆုံး Dota2 အသင်း အဖြစ် သတ်မှတ်လို့ရတဲ့ Beastcoast ကတော့ ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ Beastcoast Dota2 အဖွဲ့သားတွေ အနေနဲ့ The International 2019 ပြိုင်ပွဲမှာ နောက်ဆုံး (၈) သင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့သလို 2019-2020 DPC ရာသီမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ပြိုင်ပွဲတိုင်းမှာ အသင်းကြီးတွေကို ဒုက္ခ အပေးနိုင်ဆုံး အသင်းအဖြစ် ရပ်တည်လျက် ရှိပါတယ်။

ယခုအခါမှာတော့ Beastcoast Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Pos5 ကစားသမားလည်းဖြစ်တဲ့ Steven “StingeR” Vargas အနေနဲ့ အသင်းကနေ ခေတ္တ အနားယူသွားတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
starting at BTS Pro Series Season 2: Americas, Mooz is joining our starting roster and Stinger is going on break. stinger will continue to work with the roster on drafts and strategy until he returns to the starting roster later this year after the team reunites.
— beastcoast (@beastcoast) June 13, 2020
"BTS Pro Series Season 2: Americas ပြိုင်ပွဲမှာ အသင်းရဲ့ နည်းပြဖြစ်သူ Mooz အနေနဲ့ Stinger နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။ Stinger အနေနဲ့ Beastcoast Dota2 အသင်းရဲ့ ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ Drafting အပိုင်းနဲ့ နည်းစနည်ပိုင်းမှာ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။"
StingeR နေရာမှာ ဝင်ရောက် ကစားသွားမယ့် Joel Mori “MoOz” Ozambela ကတော့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Fear, Moo တို့ ပါဝင်တဲ့ Business Associates အသင်းမှာ ဝင်ရောက် ကစားခဲ့ဖူးသလို တောင်အမေရိက ဒေသရဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

MoOz အနေနဲ့ Beastcoast Dota2 အသင်းကို ပြီးခဲ့တဲ့ ၅ လပိုင်း၊ ၂၅ ရက်နေ့မှာ နည်းပြ အဖြစ် ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် အခုလို ကပ္ပတိန်ဖြစ်သူ StingeR တစ်ယောက် ကစားသမား ဘဝကို ခေတ္တ အနားယူသွားခဲ့တာကြောင့် အသင်းအတွက် လိုအပ်နေတဲ့ Pos5 နေရာမှာ ဝင်ရောက် ကစားသွားရတော့မှာ ဖြစ်ပါတယ်။
Beastcoast Dota2 အသင်း အနေနဲ့ BTS Pro Series Season 2: Americas ပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ်မှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Beastcoast Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Hector Antonio “K1” Rodriguez
Jean Pierre “Chris Luck” Gonzales
Adrain “Wisper” Cespedes Dobles
Elvis “Scofield” De la Cruz Pena
Joel Mori “MOz” Ozambela
REF: AfkGaming