PUBG Mobile လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း T1

PUBG Mobile လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း T1

တောင်ကိုရီးယား အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ T1 ကတော့ PUBG Mobile လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ T1 PUBG Mobile အသင်းကို PUBG Mobile Street Challenge 2020 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ကိုရီးယား အခြေစိုက် PUBG Mobile အသင်း Xenon ရဲ့ အသင်းသားတွေကို ခေါ်ယူပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

T1 Esports အဖွဲ့အစည်းကို ၂၀၀၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင် ဖွဲ့စည်းစဉ် အချိန်က Starcraft အသင်း တစ်သင်းတည်းသာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်အနည်းငယ် အကြာမှာ LoL လောကထဲကို ဆက်လက် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာ T1 LoL အသင်း အနေနဲ့ ကမ္ဘာ့အကောင်းဆုံး LoL အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

PUBG Mobile ဟာ လက်ရှိအချိန်မှာ လူကြိုက်အများဆုံး Battle Royale မိုဘိုင်းဂိမ်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာနဲ့ အညီ T1 အပါအဝင် Fnatic, Cloud9, TSM, Faze Clan စတဲ့ နာမည်ကျော် Esports အဖွဲ့အစည်းတွေ အနေနဲ့ PUBG Mobile လောကထဲကို အသင်းကိုယ်စီဖြင့် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

T1 PUBG Mobile အသင်း အနေနဲ့ ပွဲဦးထွက် ပွဲစဉ်အဖြစ် PUBG Mobile လောကရဲ့ ဆုကြေးငွေ အများဆုံး ပြိုင်ပွဲဖြစ်လာမယ့် PUBG Mobile World League မှာ ဝင်ရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ T1 PUBG Mobile အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Missile
  • Yeonjun
  • Sayden
  • Zzp

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle