ထင်မှတ်မထားတဲ့ အသင်းတစ်သင်း ဗိုလ်စွဲမှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်တဲ့ CDA League Season 1 Dota2 ပြိုင်ပွဲ

ထင်မှတ်မထားတဲ့ အသင်းတစ်သင်း ဗိုလ်စွဲမှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်တဲ့ CDA League Season 1 Dota2 ပြိုင်ပွဲ

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Dota2 ပြိုင်ပွဲအများစုကို ရပ်နားထားရတာနဲ့ အညီ တရုတ်နိုင်ငံတွင်း Dota2 အသင်းများ လက်ရည်သွေးနိုင်စေဖို့ ရည်ရွယ်ပြီး CDA League Season 1 ပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ စတင်ကာ ကျင်းပခဲ့ပါတယ်။

CDA League Season 1 ပြိုင်ပွဲမှာ PSG.LGD, Invictus Gaming, EHome, Vici Gaming စတဲ့ နာမည်ကျော် Dota2 အသင်းတွေ အပါအဝင် စုစုပေါင်း တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်းပေါင်း (၁၀) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

CDA League Season 1 ပြိုင်ပွဲကို အုပ်စုပတ်လည် Format ဖြင့် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး ယခုအခါမှာ အဆိုပါ ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်တာနဲ့ အညီ အနိုင်ရဗိုလ်စွဲနိုင်ခဲ့တဲ့ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ CDA League Season 1 မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ အသင်းကတော့ လက်ရည်စစ်ပွဲကနေ တစ်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ Sparking Arrow Gaming Dota2 အသင်းပဲ ဖြစ်ပါတယ်။

Sparking Arrow Gaming Dota2 အသင်းမှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားဆိုလို့ ယခင်အချိန်တုန်းက Invictus Gaming Dota2 အသင်းနဲ့အတူ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တဲ့ Op နဲ့ SEA အခြေစိုက် Dota2 အသင်း Warriors Gaming Unity မှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ FelixCiaoBa တို့သာ ပါဝင်ပါတယ်။ ကျန်ရှိတဲ့ ကစားသမား သုံးဦးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးခြင်း သိပ်မရှိသေးတဲ့ မျက်နှာသစ် ကစားသမားတွေသာ ဖြစ်ပါတယ်။

Sparking Arrow Gaming Dota2 အသင်း အနေနဲ့ CDA League Season 1 ပြိုင်ပွဲမှာ (၇) ပွဲနိုင်၊ (၂) ပွဲရှုံး ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ PSG.LGD, Team Aster, Royal Never Giveup စတဲ့ အသင်းတွေကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူနိုင်တဲ့ အထိ ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်ခဲ့တာကြောင့်လည်း အခုလို ပထမဆုကို ထိုက်ထိုက်တန်တန်ဖြင့် စွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Op

CDA League Season 1 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် Sparking Arrow Gaming အနေနဲ့ ဆုကြေးငွေ ကန်ဒေါ်လာ (၃) သောင်းကျော်ကို လက်ခံရရှိခဲ့ပါတယ်။ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ PSG.LGD ကတော့ ကန်ဒေါ်လာ (၂) သောင်း (၁) ထောင်ကျော်၊ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ Invictus Gaming ကတော့ ဆုကြေးငွေ ကန်ဒေါ်လာ (၁) သောင်း (၄) ထောင်ကျော်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Team Aster

Sparking Arrow Gaming အနေနဲ့ မကြာခင် အချိန်အတွင်းမှာ China Dota2 Development League Season 3, Chia Pro League စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဦးမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ဖော်ဆောင်ရင်း ပရိသတ်တွေ အကြား ရေပန်းစားတဲ့ တရုတ်နိုင်ငံ အခြေစိုက် Dota2 အသင်း တစ်သင်း အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle