တမူထူးခြားတဲ့ Carry ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ God King ကို ခေါ်ယူလိုက်တဲ့ RNG Dota 2 အသင်း

တမူထူးခြားတဲ့ Carry ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ God King ကို ခေါ်ယူလိုက်တဲ့ RNG Dota 2 အသင်း

Zhon “God King” Liushuai ဆိုတာကတော့ တရုတ် အခြေစိုက် Tier 2 Dota2 အသင်း Sparking Arrow Gaming နဲ့အတူ CDA League Season 1, Beyond Epic: China စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ လူငယ် Carry ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

God King

God King အနေနဲ့ လက်ရှိ တရုတ်နိုင်ငံ အခြေစိုက် လူငယ် Carry ကစားသမားတွေ အထဲမှာ အထူးချွန်ဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထားရသလို Anti Mage ကို Echo Sabre, Phantom Lancer ကို Sange Yasha + Manta Sytle စတဲ့ ပရိုကစားသမား အများစု အသုံးပြုလေ့ မရှိတဲ့ Item တွဲစပ်မှုတွေနဲ့ ကစားလေ့ ရှိတာကြောင့် နာမည်ကျော် Dota2 အသင်း အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံယူနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ God King အနေနဲ့ တရုတ် အခြေစိုက် နာမည်ကျော် Dota2 အသင်း တစ်သင်းဖြစ်တဲ့ Royal Never Give Up Dota2 ရဲ့‌ ခေါ်ယူခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ God King အနေနဲ့ RNG Dota2 အသင်းကနေ Team Aster Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ Du “Monet” Peng ရဲ့ နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

God King

RNG Dota2 အသင်း အနေနဲ့ God King အပြင် CDEC Gaming Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Sun “Srf” Runfa ကိုလည်း အသင်းရဲ့ လစ်လပ်သွားတဲ့ Offlane နေရာအတွက် ခေါ်ယူခဲ့ပါတယ်။ လက်ရှိကာလဟာ တရုတ် Dota2 လောကရဲ့ အပြောင်းအရွေ့ ကာလ ဖြစ်တာကြောင့် RNG Dota2 အသင်းရဲ့ Carry ကစားသမားသစ် God King ရဲ့ ဆန်းသစ်တဲ့ ကစားဟန်တွေကို ခံစားကြည့်ရှုနိုင်ဦးမှာ မဟုတ်ပေမယ့် ပြိုင်ပွဲတွေ ပြန်လည် ကျင်းပသွားတဲ့ အချိန်မှာ God King တစ်ယောက် ပြောင်မြောက်တဲ့ လက်စွမ်းကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

RNG Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Zhong “God King” Liushuai – Pos 1
  • Gao “Setsu” Zhenxiong – Pos 2
  • Sun “Srf” Runfa – Pos 3
  • Chong “FelixCiaoBa” Wei Lun – Pos 4
  • Xie “Super” Lunhao – Pos 5

REF: VpEsports, AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle