အစပ်စားရတာကြိုက်တဲ့ သူတွေအတွက် ဒေါ်လာ ၅၀၀ အထိရနိုင်မယ့် အခွင့်အရေး

အစပ်စားရတာကြိုက်တဲ့ သူတွေအတွက် ဒေါ်လာ ၅၀၀ အထိရနိုင်မယ့် အခွင့်အရေး

Akhayar ပရိသတ်တွေထဲမှာ အစပ်ကြိုက်ပြီး ကြက်တောင်ပံရော ကြိုက်တဲ့ foodie
လေးတွေရှိလား။ ရှိတယ်ဆိုရင်တော့ Harry's မှာလုပ်မယ့် ဦးစပ်ကြီး ကြက်တောင်ပံအစပ်အစားပြိုင်ပွဲ မှာဝင်ပြိုင်ပြီး ဆုငွေ ဒေါ်လာ ၅၀၀ ရယ်၊ အိမ်မှာ ကြက်တောင်ပံထပ်ကြော်စားဖို့ ရှယ်ငရုတ်သီးမှုန့်တွေရယ် သိမ်းပိုက်ဖို့ အခွင့်ကောင်းတစ်ခုရှိတဲ့ အကြောင်းလက်တို့ပါရစေနော်။

ဆန်ကာတင်ပြိုင်ပွဲကိုတော့ မတ်လ ၁၃ ရက်နေ့ နဲ့ ၁၄ရက်နေ့ မြန်မာပလာဇာနဲ့ Junction Square ကHarry's Bar တွေမှာ ညနေ ၅နာရီ မှစပြီးပြုလုပ်မှာ ဖြစ်ပါတယ်။ဘယ်လိုပြိုင်ရမလဲဆိုတော့ အစပ်ပြေသောက်စရာတစ်ခုမှမပါဘဲ ကြက်တောင်ပံ အစပ် ၁၀ ခုကို မြန်မြန်စားပြရမှာပါ။ ပြိုင်ပွဲဝင်တွေ ထဲက  အမြန်ဆုံးစားနိုင်တဲ့သူ ၅ ယောက် ကို မတ်လ ၂၁ ရက်နေ့Royal Sportaiment Complex က Harry's Bar မှာ ပြုလုပ်သွားမဲ့ ဖိုင်နယ်ပွဲ တက်ရောက်ဖို့ လက်မှတ်တွေပေးမှာဖြစ်ပါတယ်။ ဖိုင်နယ်ပွဲကတော့ မတ်လ ၂၁ ရက် ညနေ ၃ နာရီကစလို့  Royal Sportaiment Complex က Harry's Bar မှာ ပြုလုပ်သွားမှာပါ။

စိတ်ဝင်စားစရာကောင်းတဲ့ ဖိုင်နယ်ပွဲကတော့ အနံ့ အရသာ အမျိုးမျိုး အစပ် level ၃ ဆင့် နဲ့  ကြက်တောင်ပံတွေ စားရမှာဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ထိုင်းစတိုင်၊ ဒုတိယအဆင့်မှာ မာလာရှမ်းကော အရသာ နဲ့ နောက်ဆုံးအဆင့်ကတော့ အရမ်းအရမ်းစပ်တဲ့ ကြက်တောင်ပံတွေစားပြီး ပြိုင်ရမှာပါ။ အမြန်ဆုံး အများဆုံး စားနိုင်တဲ့သူက ဆုငွေ ဒေါ်လာ ၅၀၀ နဲ့ အိမ်မှာ ကြက်တောင်ပံကြော်ထပ်စားဖို့ ဦးစပ်ကြီး ရှယ်ငရုတ်သီးမှုန့်တွေရမှာပဲဖြစ်ပါတယ်။ Foodie တို့ရေ စိတ်ဝင်စားလို့ ပြိုင်ချင်သွားပြီဆိုရင်တော့ပြိုင်ပွဲအကြောင်းလေးတွေကို https://www.facebook.com/NFarm.Fresh.Myanmar/ မှာလေ့လာကြည့်နိုင်ပါတယ်နော်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ