Marvel Avengers ဂိမ်းထဲမှာပါဝင်တဲ့ Spider-Man ဟာ PlayStation Exclusive အနေနဲ့ပဲထွက်ရှိလာမည်

Marvel Avengers ဂိမ်းထဲမှာပါဝင်တဲ့ Spider-Man ဟာ PlayStation Exclusive အနေနဲ့ပဲထွက်ရှိလာမည်

Marvel Avengers ဂိမ်းကို PC, PS4 နဲ့ Xbox One တို့မှာ ဆော့ကစားနိုင်မှာဖြစ်ပြီး၊ စက်တင်ဘာလ ၈ ရက်နေ့မှာ ထွက်လာတော့မယ်လို့ အကြမ်းဖျင်းသိရှိရပါတယ်။ ဒါပေမယ့်လည်း ဒီဂိမ်းမှာပါဝင်မယ့် Spiderman Hero ကိုတော့ PlayStation သမားတွေပဲ ဆော့ကစားနိုင်မယ်လို့သိရှိရပါတယ်။

Square Enix နဲ့ Crystal Dynamics ကိုမေးကြည့်တဲ့အခါမှာတော့ Exclusive အနေနဲ့ ပါဝင်လာဖို့သာသေချာပြီး၊ Timed-Exclusive လား၊ အမြဲတမ်း Exclusive ဖြစ်နေမှာလားဆိုတာကိုတော့ ဘာမှအတည်ပြုပြောကြားထားခြင်းမရှိပါဘူး။

Marvel’s Spider-Man နဲ့ Spider-Man: Miles Morales တို့ဟာ PlayStation Exclusive တွေဖြစ်တာကြောင့် Marvel Avenger မှာ Spiderman ကို အခြား Platform တွေမှာ တွေ့မြင်နိုင်ဖို့ဟာ မလွယ်ကူလောက်ပါဘူး။ Sony ဟာလည်း Spider-Man နဲ့ပတ်သက်တဲ့မူပိုင်ခွင့်တွေအကုန်ရှိတာကြောင့် ဒီမူပိုင်ခွင့်တွေကို အလွယ်တကူမပေးလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

PlayStation သမားတွေအတွက်ကတော့ Crystal Dynamics ဟာ Spiderman ထွက်လာတဲ့အခါကျရင် PS ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်း ဒီဇိုင်းနဲ့ Skill Tree စုံစုံလင်လင်ပါဝင်လာမယ့်အပြင်၊ Movement နဲ့ Combat ပုံစံတွေကိုလည်း သေချာဒီဇိုင်းဆွဲပေးထားတယ်လို့ သိရှိရပါတယ်။

Ref: Game Informer, Polygon