4K/60FPS ကို ရွေးချယ်ခွင့် Option အနေနဲ့ ပါဝင်လာဖွယ်ရှိတဲ့ Spiderman: Miles Morales

4K/60FPS ကို ရွေးချယ်ခွင့် Option အနေနဲ့ ပါဝင်လာဖွယ်ရှိတဲ့ Spiderman: Miles Morales

လက်ရှိ Spiderman ဂိမ်းတွေကို Playstation Exclusive အဖြစ် Develop လုပ်ပေးနေတဲ့ Insomniac Games ကနေပြီးတော့ Spiderman: Miles Morales ဂိမ်းမှာ 4K/60FPS အဖြစ် ရွေးချယ်ခွင့်ရှိလာမယ်လို့ ကြေညာထားပါတယ်။

Spiderman: Miles Morales ဂိမ်းကို Playstation ရဲ့ နောက်ဆုံးပေါ် Console တစ်ခုဖြစ်တဲ့ PS5 စတင်မိတ်ဆက်တုန်းက ပြသခဲ့တာဖြစ်ပြီး၊ Playstation ပရိသတ်ရဲ့ အာရုံစိုက်မှုတွေ အများအပြားရရှိခဲ့ပါတယ်။

အခုအခါမှာလည်း Insomniac Games ရဲ့ Tweet တစ်ခုအရ Spiderman: Miles Morales ဂိမ်းထဲမှာ Resolution ကို 4K အနေနဲ့ထားဆော့နိုင်ပြီး Frames per second ကို 60 အထိထားဆော့နိုင်မယ့် Performance Mode ကို ရွေးချယ်လို့ရလာမယ်လို့ သိရှိရပါတယ်။

IGN ရဲ့ ခန့်မှန်းချက်အရ 4K/60FPS Performance ကိုရရှိနိုင်မယ်ဆိုပေမယ့် ဂိမ်းရဲ့ Optimization quality တွေကတော့ လျော့ကျသွားနိုင်မယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အတိအကျတော့ ပြောလို့မရသေးပါဘူး။ Latest gen console လည်းဖြစ်ပြီး၊ Ray-tracing နည်းပညာကို အသုံးပြုထားမယ့် PS5 ဟာ Performance Mode ကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Reference: IGN