2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Minor ပြိုင်ပွဲကို ခရိုအေးရှားနိုင်ငံမှာ ကျင်းပသွားမည်

2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Minor ပြိုင်ပွဲကို ခရိုအေးရှားနိုင်ငံမှာ ကျင်းပသွားမည်

မကြာခင် အချိန်အတွင်းမှာ 2019-2020 DPC ရာသီရဲ့ တတိမြောက် Major ပြိုင်ပွဲ ကျင်းပတော့မှာ ဖြစ်တာနဲ့ အညီ စတုတ္ထမြောက် Minor ပြိုင်ပွဲကို ကျင်းပသွားမယ့် နေ့ရက်နဲ့ နေရာတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ 2019-2020 DPC ရာသီရဲ့ စတုတ္ထမြောက် Minor ပြိုင်ပွဲကို One Game Agency (OGA) DOTA PIT မှ ဦးစီး ကျင်းပသွားမှာဖြစ်ပြီး ခရိုအေရှားနိုင်ငံ၊ Split မြို့တော်၊ Spaladium Arena မှာ ဧပြီလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

AMD SAPHHIRE DOTA PIT MINOR 2020 ပြိုင်ပွဲဟာဆိုရင် One Game Agency က ကြီးမှူးကျင်းပခွင့် ရရှိတဲ့ တတိယ အကြိမ်မြောက် Dota 2 ပြိုင်ပွဲတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ AMD SAPPHIRE DOTA PIT MINOR 2020 ပြိုင်ပွဲမှာ ဒေသတွင်း လက်ရောက်စစ်ပွဲတွေကနေ တစ်ဆင့် တက်ရောက်လာမယ့် ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ကန်ဒေါ်လာ သုံးသိန်းနဲ့ DPC Point 660 ကို ခွဲဝေပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် AMD SAPPHIRE DOTA PIT MINOR 2020 ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ Dota 2 အသင်း အနေနဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၊ CSKA Arena မှာ ကျင်းပသွားမယ့် စတုတ္ထမြောက် Major ပြိုင်ပွဲ Epicenter Major 2020 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ AMD SAPHHIRE DOTA PIT MINOR 2020 ပြိုင်ပွဲ ကျင်းပသွားမယ့် နေ့ရက်နဲ့ နေရာတွေကို တရားဝင် ကြေငြာသွားပြီ ဖြစ်သလို 2019-2020 DPC ရာသီရဲ့ နောက်ဆုံးပိတ် Major ပြိုင်ပွဲ ONE Esports Singapore Major ကိုလည်း စင်ကာပူနိုင်ငံမှာ ဇွန်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီးပြီ ဖြစ်ပါတယ်။

ဒါကြောင့် ONE Esports Singapore Major မတိုင်မီ ကျင်းပသွားမယ့် နောက်ဆုံးပိတ် Minor ပြိုင်ပွဲကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ကျင်းပသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle