120 FPS အထိ Performance ထွက်လာနိုင်မယ့် S.T.A.L.K.E.R 2

120 FPS အထိ Performance ထွက်လာနိုင်မယ့် S.T.A.L.K.E.R 2

S.T.A.L.K.E.R 2 ဆိုတဲ့ဂိမ်းကတော့ Xbox Series X Event မှာမိတ်ဆက်ပြသသွားခဲ့တဲ့ Console Exclusive ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ Xbox Store Page ရဲ့ ပြောပုံအရတော့ 120 FPS အထိ Performance တွေထွက်လာနိုင်တယ်လို့ သိရှိရပါတယ်။

Xbox Store မှာပြောကြားထားပုံအရ “Xbox Series X Development kit ကိုအသုံးပြုပြီး Games တွေကိုထုတ်လုပ်ထားမယ်ဆိုရင် ပြိုင်ဘက်ကင်းတဲ့ Loading time တွေ၊ ရုပ်ထွက် Quality တွေ၊ တုံ့ပြန်မှုတွေနဲ့အတူ Frame Rates တွေဟာ 120 FPS အထိရရှိလာမယ်” လို့ သိရှိရပါတယ်။ ဒါ့အပြင် 4K Ultra HD Resolution ထိပါ ရရှိနိုင်တယ်လို့ သိရှိရပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းဟာ မသေချာနိုင်ပါဘူး။ S.T.A.L.K.E.R 2 ရဲ့ Store Page မှာ တွေ့ခဲ့ရတယ်ဆိုပေမယ့်လို့ ဒီဂိမ်းမှာ လုံးဝ ရမယ်လို့ အာမခံထားတာမျိုးတော့မရှိပါဘူး။ ဒါဟာ Xbox Series X အတွက် Develop လုပ်ထားတဲ့ဂိမ်းတွေမှာ ဒီလောက် Performance အထိရရှိနိုင်တယ်လို့ ကြော်ငြာထားရုံသက်သက်လည်းဖြစ်နိုင်ပါတယ်။

Xbox Series X Event မှာ ဂိမ်းတွေချည်းပဲ အတော်များများကို Showcase လုပ်ပြသခဲ့ပြီး၊ S.T.A.L.K.E.R 2 အပြင်၊ စိတ်ဝင်စားစရာ ကမ္ဘာနှစ်ခုနဲ့အတူ ဆော့ကစားရမယ့် Horror ဂိမ်း The Medium၊ Xbox ရဲ့ နာမည်ကြီး Exclusive ဖြစ်တဲ့ Halo: Infinite နဲ့ အတော်လေးကြာတော့မှ ပြန်ထွက်လာတဲ့ Xbox Exclusive Fantasy RPG “Fable” တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။

Ref: Gamespot