ဗိုင်းရပ်စ်ပိုးမကူးစစ်ခံရအောင်အိမ်တွင်းအောင်းရင်းနဲ့ဘာတွေလုပ်မလဲ

ဗိုင်းရပ်စ်ပိုးမကူးစစ်ခံရအောင်အိမ်တွင်းအောင်းရင်းနဲ့ဘာတွေလုပ်မလဲ

မြန်မာနိုင်ငံအတွင်းဗိုင်းရပ်စ်ကူးစက်နှုန်းကလည်းတဖြည်းဖြည်းနဲ့တိုးပွားလာတဲ့အတွက်ကြောင့်အပြင်တွေကိုတက်နိုင်သလောက်သွားတာတွေကိုရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်။အရေးကြီးကိစ္စမရှိပဲနဲ့အပြင်မထွက်ကြပါနဲ့နော်။ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ဓာက်မကျဖို့ကလည်းအရေးကြီးပါတယ်။အိမ်မှာပဲနေရင်းနဲ့လည်းမပျင်းအောင်လုပ်လို့ရတာတွေကလည်းနည်းလမ်းအများကြီးရှိပါတယ်။ဒီနေ့တော့စိတ်ပင်ပန်းတာတွေလည်းအနည်းနဲ့အများလျော့နည်းသွားအောင်အိမ်မှာနေရင်းနဲ့လုပ်လို့ရတဲ့နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။

မိသားစုဝင်တွေနဲ့စကားပြောပါ
နေ့စဉ်နေ့တိုင်းလူတွေကကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်နေတတ်ကြပါတယ်။ဒီလိုအိမ်ထဲမှာအားလုံးအတူတူရှိနေတဲ့အချိန်တွေမျိုးမှာဆို မိသားစုဝင်အချင်းချင်းငယ်ငယ်တုန်းကအကြောင်းလေးတွေကိုပြန်ပြောကြရင်းနဲ့အမှတ်တရဟောင်းလေးတွေကိုပြန်လွမ်းရသလိုမျိုးပေါ့။တစ်ယောက်ကိုတစ်ယောက်နားလည်မှုလွဲနေတာလေးတွေ၊စိတ်ကောက်နေကြတယ်ဆိုရင်လည်းတစ်ယောက်ကိုတစ်ယောက်ခွင့်လွှင့်နားလည်ပေးကြဖို့ပြောသင့်ပါတယ်။တကယ့်အရေးကိစ္စတွေကြုံလာရင်ကိုယ့်မိသားစုကလွဲပြီးမိမိဘေးမှာဘယ်သူ့မှရှိပေးကြမှာမဟုတ်ပါဘူး။

Photo Credit-Sum on sleeve

အစားအသောက်အသစ်ဆန်းလေးတွေလုပ်စားပါ
အစားအသောက်စားခြင်းကလည်းလူရဲ့စိတ်ကိုပျော်စေတာမို့အခုလိုအချိန်မျိုးမှာ အင်တာနက်ပေါ်ကနေလေ့လာလို့လည်းရတယ်၊သင်ယူရတာလည်းလွယ်ကူတယ်ဆိုတော့ ကိုယ့်အိမ်ရဲ့မီးဖိုချောင်ထဲမှာရှီတဲ့ပစ္စည်းလေးတွေနဲ့လည်း အလွယ်တကူ ကိုယ်ချစ်ရတဲ့သူဒါမှမဟုတ် ကိုယ်မောင်နှမလေးတွေနဲ့လည်းပျော်ပျော်ပါးပါးမုန့်လေးတွေလုပ်စားလို့လည်းရပါတယ်။ဒီလိုဆိုရင်ပျော်စရာအချိန်လေးတွေလည်းရတယ် အစားအသောက်ကောင်းကောင်းလေးတွေလည်းစားရတာပေါ့။

Photo Credit-Nurturing your children

မလိုအပ်တဲ့ပစ္စည်းတွေကိုဖယ်ရှားပါ
လူတွေကတစ်ခုခုဆိုပစ်ချရတာအရမ်းနှမျောတတ်ကြပါတယ်။ဟိုငယ်ငယ်လေးကတည်းမလိုအပ်ပဲ့နဲ့သိမ်းထားတတ်ကြတဲ့ပစ္စည်းတွေကဒုနဲ့ဒေပါ။တကယ်ဆိုအဲ့လိုပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေကအများဆုံးပါ၊အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့အခန်းထဲကအသုံးမဝင်တောတဲ့အသုံးအဆောင်တွေ၊ကိုယ့်ရဲ့အိမ်ကမသုံးတော့တဲ့ပစ္စည်းတွေကိုရှင်းထုပ်တာမျိုးတွေလုပ်ဖို့အသင့်တော်ဆုံးအချိန်ပါ၊ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်လေးကရှင်းနေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်လေးကလည်းကြည်လင်ပြီးရှင်းနေပါလိမ့်မယ်။

Photo Credit-Blog mapfre.com

ကိုယ့်ရဲ့အသားအရေကိုဂရုစိုက်ပါ
အလုပ်တွေများနေလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်နိုင်တော့တဲ့အချိန်တွေအများအကြီးပါ။အဲ့တာကြောင့် ကိုယ့်ရဲ့အသားအရေကိုပြန်ပြီးကောင်းဖို့အတွက် တစ်ကိုယ်လုံးကိုပေါင်းတင်ပေးတာတို့၊ရေနွေးငွေ့နဲ့ကိုယ့်ရဲ့အသားအရေနူးညံ့အောင်ပြန်လုပ်ပေးရင်းပေါ့၊အဲ့လိုအငွေ့ခံထားတဲ့အချိန်မျိုးမှာဆို သီချင်းအေးအေးလေးဖွင့်ပြီးတော့ နားထောင်နေတာတို့၊ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေဖတ်ရင်းနဲ့အနားယူတာမျိုးတို့လုပ်ပေးသင့်ပါတယ်။ Self Care လုပ်ခြင်းကလည်းမိမိကိုယ်မိမိ စိတ်ကျေနပ်မှုလေးရယူတာတစ်ခုပါပဲ့။

Photo Credit-Reader's digest


ဒီလိုနည်းလမ်းလေးတွေနဲ့အိမ်ထဲမှာနေရင်းနဲ့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်အောင်လုပ်ပေးခြင်းအားဖြင့် ဗိုင်းရပ်စ်ရန်မှကာကွယ်ရာလည်းရောက်ပြီးတော့၊ကိုယ့်ကိုကိုယ်အချိန်ပေးရာလည်းရောက်တာပေါ့။

Kelly ( Akhayar Lisestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle