Stay at Home အချိန်တွေမှာ အင်တာနက်ကို သုံးပြီး ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ

Stay at Home အချိန်တွေမှာ အင်တာနက်ကို သုံးပြီး ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ

Corona Virus လို့သိကြတဲ့ Covid-19 ဆို့တဲ့ အဆုတ်ရောင်ကူးစက်မြန်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ အစိုးရတွေရော ကျန်းမာရေးအဖွဲ့အစည်းတွေကတွေရော လူတွေအားလုံးကို Stay at Home ကြဖို့ ဖြစ်နိုင်ရင် အိမ်မှာပဲနေဖို့နဲ့ လိုအပ်လို့အပြင်ထွက်ရတော့မယ်ဆိုရင်လည်း Social Distancing လုပ်ပြီး အနည်းဆုံး ၃ ပေ အကွာမှာနေဖို့ အဆက်မပြတ်ကို တိုက်တွန်းနေကြပါတယ်။
ဒီလိုဖြစ်လာပြီးနောက်ပိုင်းမှာလည်း စီးပွားရေးလုပ်ငန်းတွေက Work from Home စနစ်ကို စတင်ကျင့်သုံးကြလာပြီး လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နေရပါတယ်။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်နေရတဲ့ သူတွေအတွက်ရော အိမ်မှာပဲ အိမ်တွင်းအောင်းပြီး ပျင်းနေရတဲ့သူတွေအတွက် Stay At Home ၊ Work From Home  အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေချင်ပါတယ်။
(၁) Social Media ကို အကျိုးရှိရှိ အသုံးချပါ။
ဒီလိုအချိန်တွေမှာ တစ်နေ့လုံး Facebook ၊ Messenger ပဲသုံးနေရလို့ ပျင်းကောင်းပျင်းလာနိုင်ပါတယ်။ အဲ့လိုဖြစ်လာတာကလည်း ကိုယ့်ကြည့်နေရတဲ့ အရာတွေက ထပ်တလဲလဲဖြစ်လာလို့လည်းဖြစ်နိုင်ပါတယ်။ တစ်ခြား Social Media App တွေဖြစ်တဲ့ Youtube ပေါ်ကနေ အသစ်ထွက်တဲ့ သီချင်းနားထောင်တာ၊ ကိုယ်သိချင်တဲ့ အရာတစ်ခုခုကို Pinterest မှာရှာတာမျိုး ၊ LinkedIn က Online Course တွေလေ့လာတာမျိုးတွေ ကိုလည်းလုပ်လို့ရပါတယ်။ ဗဟုသုတလည်းရနိုင်သလို စိတ်အပန်းလည်းပြေစေမှာပါ။ အရင်က အချိန်မရလို့ မလုပ်ဖြစ်ခဲ့ မလေ့လာဖြစ်ခဲ့တဲ့ အရာတွေကို ပြန်လေ့လာဖို့ အခုချိန်က အချိန်ကောင်းပါပဲ။
(၂) အလုပ်ချိန်မှာ ပိုမို အာရုံစိုက်နိုင်ဖို့ သီးသန့်နေရာထားပြီး အလုပ်လုပ်ပါ။
Work from Home အလုပ်လုပ်ရတဲ့သူတွေ အနေနဲ့လည်း ပိုပြီးအလုပ်တွင်ကျယ်စေဖို့ဆိုရင် အလုပ်လုပ်မယ့်နေရာကို သီးသန့်ရှင်းလင်းထားသင့်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး ဆူညံမှုကင်းတဲ့နေရာမျိုးဆို အင်တာနက်လိုင်းကောင်းတဲ့နေရာမျိုး ကိုရွေးထားသင့်ပါတယ်။ တို့Zoom တို့ Google Hangout တို့နဲ့ Conference Call လုပ်တဲ့အခါမှာ ကိုယ့်နေရာလေးက သပ်ရပ်မှုရှိနေမှာပါ။
(၃) အနားယူချိန်မှာ အနားယူ အပန်းဖြေပါ။
အိမ်ကနေအလုပ်လုပ်ရတဲ့သူတွေမှာ နားချိန် အလုပ်ချိန်ဆိုပြီး မကွဲတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါမျိုးမဖြစ်ရအောင် အလုပ်ချိန်အတွင်းမှာလည်း Social Media ရဲ့နှောင့်ယှက်တွေမှုကို အဝင်မခံပဲ အလုပ်ချိန်ပြီးသွားရင် ကောင်းကောင်း အနားယူသင့်ပါတယ်။ ရေမိုးချိုး အဝတ်အစားလဲပြီး Netflix ကြည့်လိုက်တာမျိုးလုပ်ပြီး အလုပ်ချိန် ပြင်ပမှာ အပြည့်အဝ အနားယူလိုက်ပါ။


(၄) E-commerce တွေကနေ ဈေးဝယ်ခြင်း အလေ့အထ စတင်ပါ။
အပြင်ထွက်ပြီး ဈေးဝယ်တာ မုန့်ထွက်စားတာတွေကို တတ်နိုင်သမျှရှောင်ရှားဖို့ အတွက် Online Shopping ကဈေးဝယ်တာ၊ Food Delivery တွေ နဲ့ မုန့်မှာစားတွေတာ အရင်က မလုပ်ဖြစ်ခဲ့ဘူးဆိုရင်တောင် အခုတော့ စမ်းပြီး မှာကြည့် လုပ်ကြည့်သင့်ပါတယ်။ Window Shopping လည်း လုပ်လို့ရသလို အပျင်းလည်း ပြေစေမှာပါ။
(၅) ကိုယ်လက်လှုပ်ရှား အားကစား နေ့စဉ် ပုံမှန်ပြုလုပ်ပေးပါ။
တစ်နေ့ကို အနည်းဆုံး (၃၀) မိနစ်လောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုရင်တောင် Online ကနေ လေ့ကျင့်ခန်းလုပ်နည်းတွေ ရှာပြီးလုပ်လို့ရသလို Work Out Application တွေလည်း ရှိနေပါပြီ။ ကိုယ်ခန္ဓာကျန်းမာနေမှလည်း ရောဂါပိုးအလွယ်တကူ မဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
(၆) ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်တွေကို ဂရုတစိုက်လိုက်နာဆောင်ရွက်ပေးပါ။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကိုတော့ နိုင်ငံသားအားလုံး ဂရုတစိုက်လိုက်နာပေးကြမှ ဒီ Covid-19 ရောဂါကိုမြန်မြန် တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။ သတင်းတွေကို အမြဲစောင့်ကြည့်နေသင့်တာ မှန်ပေမဲ့ ကြည့်တဲ့ အချိန်အကန့်အသတ်လေးတော့ထားပေးပါ။ အော်ပရေတာအချို့ကလည်း ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ Website ကို အခမဲ့ ဝင်ရောက်ကြည့်ရှူနိုင်အောင် ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။
ကဲ ဒီအချက်တွေကတော့ အိမ်မှာနေတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေကို လုပ်ဖို့ဆိုရင်တော့ အင်တာနက်ကောင်းကောင်း နဲ့ ဒေတာများများသုံးဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးအတွက် အကောင်းဆုံးအော်ပရေတာ Mytel ရဲ့ ငွေဖြည့်အပိုလက်ဆောင် ၅၀ % အထိပြန်လည်ရရှိမယ့်အစီအစဉ်ရယ် ၂၀၀% ဒေတာအပိုဆုကြေးပတ်ကေ့ချ်အစီအစဉ်ရယ် နဲ့ ဆိုရင်တော့ အင်တာနက်ဒေတာအတွက် စိတ်မပူရတော့ပါဘူး။
သင့်အနေနဲ့လည်း Covid-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို လှူဒါန်းချင်တယ်ဆိုရင်တော့ Mytel ဆင်းကတ်နဲ့ “111” ကို “CV19” ဆိုပြီး SMS တစ်စောင်ပိုပေးပြီး ငွေကျပ် ၁၀၀၀ လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ Mytel ရဲ့ #TogetherWeFightCovid19 Campaign ကတစ်ဆင့် Covid-19 ကို ကာကွယ်တိုက်ထုတ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ အစီအစဉ်တွေကို စဉ်ဆက်မပြတ် ဆက်လက်ယူဆောင်လာပေးလျက်ရှိတဲ့အတွက် သင်္ကြန်တွင်းကိုလည်း တတ်နိုင်သမျှ အိမ်မှာပဲနေပြီး Mytel ရဲ့ Buy Pack Promo တွေ Top Up Bonus တွေကို ရှယ်သုံးရင်း Covid-19 ကို အတူ ကာကွယ်တိုက်ထုတ်လိုက်ရအောင်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle