Team Liquid CSGO အသင်းရဲ့ In-Game Leader အဖြစ် ပြောင်းလဲတာဝန်ယူသွားမယ့် Stewie2K

Team Liquid CSGO အသင်းရဲ့ In-Game Leader အဖြစ် ပြောင်းလဲတာဝန်ယူသွားမယ့် Stewie2K

Team Liquid CSGO အသင်း အနေနဲ့ ဧပြီလမှာ ကျင်းပပြီးစီးခဲ့တဲ့ ESL Pro League Season 11: North America ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၀ ခုနှစ် အတွင်း ထင်သလောက် အောင်မြင်မှုတွေကို ရရှိခဲ့ခြင်း မရှိသလို နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ESL One: Road to Rio North America ပြိုင်ပွဲမှာလည်း အဆင့် (၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Twistzz

လက်ရှိအချိန်မှာ HLTV ကမ္ဘာ့အဆင့် သတ်မှတ်ချက်ရဲ့ အဆင့် (၆) နေရာ အထိ သက်ဆင်း ပေးလိုက်ရပြီဖြစ်တဲ့ Team Liquid အနေနဲ့ In-Game Leader နေရာ အတွက် Nitro အစား Stewie2K ကို ပြောင်းလဲ တာဝန် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ Team Liquid CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ Russel “Twistzz” Van Dulken အနေနဲ့ Streaming Session တစ်ခုမှာ Stewie အနေနဲ့ လက်ရှိအချိန်မှာ In-Game Leader အဖြစ် တာဝန် ယူထားရကြောင်း အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Nitro

Twistzz တစ်ယောက် အသင်းမှာ In-Game Leader အပြောင်းအလဲ ပြုလုပ်ထားကြောင်း အတည်ပြုပေးပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Stewie ကိုယ်တိုင် အဆိုပါ အပြောင်းအလဲနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက Nitro အနေနဲ့ ကစားပွဲမှာသာ အားစိုက် ကစားချင်ကြောင်း၊ အခြားသူများကို ဦးဆောင် ညွှန်ကြားရတာတွေ မပြုလုပ်ချင်တော့ကြောင်း၊ အခုလို တာဝန် နှစ်ခုကို ပူးတွဲ ယူထားရတာကြောင့် လက်စွမ်းပိုင်းမှာ ထိခိုက်မှုတွေ ရှိလာကြောင်း ပြောကြားလာခဲ့တာကြောင့် ကျွန်တော် အခုလို In-Game Leader အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။”

Stewie2K

Stewie အနေနဲ့ လက်ရှိအချိန်မှာ ပြိုင်ဘက် အသင်းတွေရဲ့ ကစားဟန်နဲ့ ပတ်သတ်ပြီး နာရီပေါင်း များစွာ လေ့လာလျက် ရှိပေမယ့် CSGO ကစားရတာကို အရင်လောက် စိတ်ပါခြင်း မရှိတော့ကြောင်း၊ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေပေမယ့် အသင်းရဲ့ ကစားဟန်က တိုးတက်လာခြင်း မရှိကြောင်း၊ အသင်းအတွင်း တည်ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Nitro

လက်ရှိအချိန်မှာ Team Liquid CSGO အသင်း အနေနဲ့ DreamHack Masters Spring 2020: North America ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် အသင်းအတွင်း တည်ရှိနေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ပြီး အောင်မြင်တဲ့ CSGO အသင်း တစ်သင်း အဖြစ် ပြန်လည် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle