ဂျပန်က ကြောင်တွေကြီးစိုးတဲ့ကျွန်းတွေရဲ့ ရာဇဝင်

ဂျပန်က ကြောင်တွေကြီးစိုးတဲ့ကျွန်းတွေရဲ့ ရာဇဝင်

ဂျပန်နိုင်ငံရဲ့ လူသိများတဲ့အချက်တွေထဲမှာ တိရိစ္ဆာန်တွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ တိုကျိုက Rabbit Cafe တွေနဲ့ Nara မှာလေ ျှာက်သွားနေတဲ့ လူယဉ်လွန်းတဲ့သမင်တွေရယ် ၊ Jigokudani က Snow Monkey တွေရယ်ပါပါတယ်။ နောက်ပြီး ဂျပန်ကိုလူသိများစေတဲ့အချက်တွေထဲမှာ ကြောင်တွေကိုအလုပ်အကိုင်တွေပေးတာလည်းပါတယ်။ ဥပမာ ကြောင်တွေကို Lord of Castle လုပ်ပေးတာ Train Station ရဲ့ မန်နေဂျာခန့်တာတွေလုပ်ပြီး ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ယူကြပါတယ်။ ဒါတွေအားလုံးထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက “Neko-Shima” လို့ ခေါ်တဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ ကြောင်တွေနေတဲ့ကျွန်းတွေပါ။

ပရိသတ်ကြီးတို့လည်း မြင်ဖူးဖတ်ဖူးကြမှာပါ။ တစ်ကျွန်းလုံးမှာကြောင်တွေကြီးပဲနေကြတယ်ဆိုတာလေ။ Aoshima ဆိုရင် လူသိအများဆုံးကြောင်တွေနေတဲ့ကျွန်းပေါ့။ ဂျပန်ရဲ့ကမ်းရိုးတန်းတစ်လေ ျှာက်မှာ ကျွန်းတွေအများကြီးရှိပါတယ်။ Tashiro-jima ကတော့ ဒုတိယလူသိအများဆုံး ကြောင်တွေနေတဲ့ကျွန်းပေါ့။

“Cat Islands” (Neko-Shima) လို့ လူသိများတဲ့ကျွန်းတွေက

၁. Okishima (Shiga Prefecture)

၂. Sanagishima (Kagawa Prefecture)

၃. Aoshima (Ehime Prefecture)

၄. Muzukijima (Ehime Prefecture)

၅. Manabeshima (Okayama Prefecture)

၆. Iwaishima (Yamaguchi Prefecture)

၇. Aijima (Fukuoka Prefecture)

၈. Aishima (Fukuoka Prefecture)

၉ . Genkaishima (Fukuoka Prefecture)

၁ဝ. Kadarashima (Saga Prefecture)

၁၁. Tashiro-jima (Miyagi Prefecture)

လူဦးရေနည်းနည်းပဲရှိပြီး ကြောင်အကောင်အရေအတွက် အများကြီးရှိနေတဲ့ဒီကျွန်းတွေကို ကြောင်တွေအဲဒီလောက်အများကြီး ဘယ်လိုရောက်လာတာလဲ
ဒီကြောင်တွေ ကျွန်းတွေပေါ်ကို ဘယ်လိုရောက်လာတယ်ဆိုတဲ့ ရာဇဝင်က နေရာပေါ်လိုက်ပြီး ကွာခြားပါတယ်။ ဇာတ်လမ်းတော်တော်များများကတော့ ကြွက်ပြဿနာကနေ စပြီးတော့ရောက်လာတယ်လို့ပြောပြီး တချို့ကျပြန်တော့လည်း ဒဏ္ဍာရီတွေ ၊ ရာဇဝင်တွေကနေ ဇာတ်လမ်းစကြတယ်။

Aoshima ကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၉ဝဝ ခုနှစ်တွေတုန်းက Aoshima က ငါးဖမ်းလို့အရမ်းကောင်းတဲ့နေရာဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ငါးဖမ်းသမားတွေမှာ သူတို့လှေထဲကို ကြွက်တွေဝင်တဲ့ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ကြွက်တွေကိုနှိမ်နင်းဖို့အတွက် ကြောင်တွေမွေးခဲ့ကြတယ်။ အချိန်တွေကြာလာတာနဲ့ သူတို့မွေးထားတဲ့ကြောင်တွေက တိရိစ္ဆာန်သဘာဝ ကျွန်းအနှံ့ကိုဟိုသွားဒီသွားလေ ျှာက်သွားကြရင်းနဲ့ အရေအတွက်ဒီလောက်များလာတဲ့အထိ မျိုးပွားကုန်ကြတယ်။

Tashiro-jima ကျွန်းရဲ့ ကြောင်တွေရောက်လာတဲ့ ရာဇဝင်ကြတော့ တစ်မျိုး။ အရင်တုန်းက Tashiro-jima ကျွန်းကို Silkworm လို့ခေါ်တဲ့ ပိုးချည်ထုတ်ပေးတဲ့ပိုးကောင်လေးတွေကိုမွေးဖို့ သုံးခဲ့တယ်။ ပိုးကောင်ရှိနေတော့ ကြွက်ကအလိုလိုလာတော့တာပေါ့။ ဒါကြောင့်မို့လို့ ကြွက်အကောင်ရေမပွားလာအောင် ကြောင်တွေကိုစမွေးခဲ့ကြတယ်။ ဖြစ်ချင်တော့ ကြောင်အကောင်ရေပိုများသွားတယ်လေ။

အရင်ကအကြီးဆုံးကြောင်နေတဲ့ကျွန်းဖြစ်ခဲ့တဲ့ Genakaishima ကျွန်းမှာ ကြောင်တွေဘာလို့အဲဒီလောက်အများကြီး ရောက်နေတယ်ဆိုတဲ့ ဇာတ်လမ်းအတိအကျတော့မရှိဘူး။ ဒါပေမယ့် ၂ဝဝ၅ ခုနှစ်တုန်းက ငလျင်အကြီးအကျယ်လှုပ်လို့ ကျွန်းရဲအပိုင်းတော်တော်များများ ငလျင်နဲ့ပါသွားပေမယ့် ကြောင်အရေအတွက်ကတော့ များပြီးရင်းများနေတုန်းပါပဲ။

Kadarashima ကျွန်းရဲ့ ဒဏ္ဍာရီမှာကတော့ တစ်ခါတုန်းက ခွေးတစ်ကောင်က သူ့သခင်ရဲ့အမိန့်ကိုလွန်ဆန်ခဲ့တယ်။ ဒီတော့ ကျွန်းပေါ်မှာရှိတဲ့ Yasakajinja Shrine က ခွေးတွေအားလုံးကို သူ့ရဲ့အမျက်ဒေါသတွေပုံချလိုက်တယ်။ Shrine ရဲ့ ဒေါသမီးက ကျွန်းပေါ်ကနေခွေးမျိုးစိတ်တစ်ခုလုံးကို မောင်းထုတ်လိုက်တယ်။ ဒါကြောင့်မို့လို့ Kadarashima ကျွန်းပေါ်မှာ ဒီနေ့အထိကြောင်တွေပဲရှိနေပြီး ကြောင်တွေရဲ့ဘုံဗိမ္မာန်ဖြစ်နေတာပေါ့။

အရင်တုန်းကတော့ ဂျပန်မှာကြောင်တွေအများကြီးရှိတဲ့ ကျွန်းတွေအကြောင်းကြားဖူးပြီးသားဖြစ်ပေမယ့် ဘယ်ကနေဘယ်လို ဒီကြောင်တွေရောက်လာတယ်ဆိုတာကို မသိဘူးဆိုရင် ဒီဆောင်းပါးလေးကနေ တစ်စွန်းတစ်စသိသွားလိမ့်မယ်ထင်ပါတယ်။

Photo Credit

Source: The Fact Site

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle