စိတ်ဓာတ်ခိုင်မာပြီး စိတ်ခွန်အားတွေဖြစ်ဖို့အတွက်ဘယ်လိုဂရုစိုက်သင့်လဲ

စိတ်ဓာတ်ခိုင်မာပြီး စိတ်ခွန်အားတွေဖြစ်ဖို့အတွက်ဘယ်လိုဂရုစိုက်သင့်လဲ

စိတ်ခံစားချက်ဆိုတာက မွန်းကြပ်မှု၊ မျိုသိပ်တာတွေများလာပြီးဆိုရင် စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတွေကဖြစ်လာတတ်ကြပါတယ်။ ဒီလိုမျိုးခံစားချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ကိုယ့်ကိုကိုယ်ပြင်ဆင်ဖို့လိုအပ်နေပြီဆိုတာ သတိရပေးပါ။ ဘယ်အချက်တွေက ကိုယ့်ရဲ့စိတ်ကိုခွန်အားဖြစ်စေပြီး အားတွေဖြစ်စေလဲဆိုတာကို နည်းလမ်းလေးတွေနဲ့ပြောပြပေးချင်ပါတယ် ။
ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း
ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်းဆိုတာက တစ်ခြားဟာတွေကိုအာရုံစိုက်ခြင်းထက် ကိုယ့်ကျန်းမာရေးကိုယ်အထူးဂရုစိုက်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ညဘက်တွေအချိန်မှန်မှန်မဟုတ်ဖြစ်တာ၊ မနက်နိုးတဲ့အချိန်နောက်ကျလို့ မနက်စာမစားဖြစ်တာမျိုးတွေက ကိုယ့်ရဲ့စိတ်ကို ကျသွားအောင်လုပ်ဆောင်ပေးတဲ့အသေးအဖွဲလေးတွေပါနော်။ ဒီအချက်တွေကို တစ်ဖြည်းဖြည်းနဲ့ရှောင်ပြီး မိမိကျန်းမာရေးကိုအထူးဂရုစိုက်အလေးထားသင့်ပါတယ်။

Photo Credit -Phoneni


အာရုံစိုက်ပါ
ကိစ္စတိုင်းမှာအဖြေဆိုတာကတော့ရှိပြီးသားပါ။ တစ်ယောက်တည်းနဲ့ ဖြေရှင်းလို့မရတဲ့ကိစ္စလည်းရှိသလို အများနဲ့မှအောင်မြင်မဲ့ကိစ္စလည်းရှိပါတယ်။ လုပ်နေတဲ့ကိစ္စတိုင်းမှာ အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်။ ကိုယ်လုပ်လိုက်လို့မှားသွားတဲ့အရာမျိုးရှိလာခဲ့ရင်  အပြစ်​ရှိတဲ့ခံစားချက်တွေကဝင်လာတတ်ပါတယ်။ အပြစ်ကြီးကိုခံစားနေမယ့်အစား အကောင်းဆုံးအဖြေကိုရှာပြီအဖြေရှာပါ။စဉ်းစားပြီး နည်းလမ်းရှာတာကအကောင်းဆုံးဖြစ်ပါတယ်နော်။

'

Photo Credit - health


မကောင်းတဲ့ခံစားချက်တွေဆို အကြာကြီးမသိမ်းထားပါနဲ့
ဒေါသကြောင့်အလွယ်တကူဖြစ်လာတဲ့ စိတ်ဆင်းရဲမှုတွေ နာကျင်မှုတွေဆိုတာကမျိုသိပ်တာမှုတွေများလာရင် အစိုင်အခဲတစ်ခုအနေနဲ့ပေါက်ကွဲတတ်ကြပါတယ်။ ဒီလိုအချိန်ဆိုရင် မဖြစ်သင့်တာတွေကဦးဆောင်နေတတ်ကြပါတယ်။ကိုယ်လုပ်ပေးနိုင်တာကိုလက်ရှိအချိန်မှာသာအကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်တာက ကိုယ့်အတွက်ရောအများအတွက်ရောက အဖြေဖြစ်သွားပါလိမ့်မယ် ။

Photo Credit - BBC.com

Kelly - Akhayar Lifestyle