ဘဝမှာ အခက်ခဲဆုံး စိတ်ဓာတ်ကျစရာတွေ ကြုံရတိုင်း ကျော်ဖြတ်နိုင်ဖို့ အခုဖတ်လိုက်ပါ

ဘဝမှာ အခက်ခဲဆုံး စိတ်ဓာတ်ကျစရာတွေ ကြုံရတိုင်း ကျော်ဖြတ်နိုင်ဖို့ အခုဖတ်လိုက်ပါ

ဘဝမှာ အတက်အကျဆိုတာရှိစမြဲပါ။ ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား အသိအမှတ်ပြုမခံရတာတွေ ကျရှုံးတာတွေ လူပြောခံရတာတွေ စွန့်ပစ်ခံရတာတွေ ကြုံရတဲ့အခါ စိတ်ဓာတ်ကျရတာတွေ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။

(၁) အခက်အခဲတွေကို ရဲရဲဝင့်ဝင့်ရင်ဆိုင်ပါ။

အခက်အခဲတွေက သင့်ကို အရည်အချင်းဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်နေတဲ့ အရာတွေဖြစ်တယ်။ ဘဝမှာ ကိုယ့်ကို မျက်နှာသာအပေးမခံရဘဲ ကိုယ်သာ ဒုက္ခရောက်နေတယ်လို့ ခံစားနေရလား။ သင်ဘယ်လောက် ခံနိုင်ရည်ရှိလဲ။ ဘယ်လောက်တော်လဲ ပြလိုက်စမ်းပါ။

(၂) ကိုယ့်ကိုကိုယ် ပိုချစ်ပေးပါ။ ပိုဂရုစိုက်ပေးပါ။

ငါပဲဖြစ်နေတာပဲ။ ငါ့ကြောင့်ဖြစ်တာ။ ငါပဲ အသုံးမကျတာဆိုတဲ့ အတွေးဆိုးတွေကို ထုတ်လိုက်လိုက်ပါ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ မှားသွားခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးပါ။ အကောင်းဆုံးနေထိုင်ပါ။ ဘယ်သူကမှကိုယ့်ကို မချစ်ရင်တောင် ကိုယ့်ကိုကိုယ် ချစ်ဖို့ မမေ့ပါနဲ့။

(၃) ကိုယ့်ဘဝအတွက် ကိုယ်ကိုတိုင် အပြည့်အဝတာဝန်ယူပေးပါ။

စိတ်ညစ်စရာတွေ ကြုံရတိုင်း အခက်အခဲတွေတွေ့လာတိုင်း ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာပါ။ ထိုင်မနေပါနဲ့။ စိတ်ဓာတ်တွေ ကျပြီး ဘာမှ မလုပ်ချင်သလိုဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကြာကြီးမရပ်နေပါနဲ့။ ကိုယ့်အတွက် ကိုယ်ပဲရှိပါတယ်။ ဘယ်သူမှလာမကယ်ပါဘူး။ တစ်ယောက်ယောက်လာကူဖို့လည်း စောင့်မနေပါနဲ့။ ရှိသမျှခွန်အားနဲ့ လုံးဝအရှုံးမပေးပဲ ဆက်လက်ရှေ့ဆက်ပါ။

(၄) အဆိုးဆုံးအခြေအနေဟာ အကောင်းဆုံးတွေဖြစ်လာဖို့ပါ။

ကြုံဖူးခဲ့တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ စိတ်ဓာတ်ကျစရာတွေအကြောင်းပြန်စဉ်းစားကြည့်ပါ။ အရာအားလုံးက ကောင်းဖို့ဖြစ်လာတာ။ ဒီလို အခက်အခဲတွေက သင့်အတွက် တိုးတက်စေဖို့ လမ်းတစ်ခု၊ ကံကောင်းခြင်းတွေ ယူဆောင်ပေးမဲ့အရာလေးဖြစ်မလာနိုင်ဘူးလား။

(၅) တရားထိုင်ပါ။

အရာရာကို စိတ်အေးလက်အေး နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ သင့်စိတ်တွေ တည်ငြိမ်နေဖို့ စိတ်တွေ ရှင်းနေဖို့လိုပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဓာတ်ခွန်အားတွေ တိုးလာရုံသာမက သင့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကူညီပေးမှာပါ။

Photo Credit-free image

Kelly (Akhayar Lifestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ