ဘယ်အချက်တွေကအောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ?

ဘယ်အချက်တွေကအောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ?

ဘဝမှာအရာရာအဆင်ပြေနေဖို့မလိုပါဘူး။အဆင်မပြေတာတွေကိုပြေလည်အောင်ကြိုးစားဖို့သာလိုပါတယ်။အောင်မြင်ပျော်ရွှင်ဖို့ဆိုတာကလည်း ကိုယ်တိုင်စိတ်ဓာတ်တင်ကြွနေဖို့၊စိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်ဖို့လည်းလိုအပ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့သူတွေ၊ကိုယ့်ကိုကိုယ် အရှုံးသမားလို့နံမည်တပ်နေတဲ့သူတွေ၊ဘာမှမဟုတ်တာလေးကိုခက်ခဲပြနေတဲ့သူတွေ၊အနှုတ်ဖက်က တွေးနေသူတွေဆိုတာက အောင်မြင်ခြင်းနဲ့ဝေးပြီးရင်းဝေးနေတတ်ကြပါတယ်နော်။ကိုယ်တိုင်က ကိုယ်ရဲ့ Motivation ဖြစ်နေ့ဖို့လုပ်ပါ။အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဘယ်လိုအလုပ်လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ၊ကိုယ့်ရဲ့တစ်နေတာကိုကောင်းမွန်စွာနဲ့လုပ်ဆောင်ရင်လည်းအောင်မြင်ခြင်းပန်းတိုင်ကိုရောက်ဖို့အထောက်အကူဖြစ်စေပါတယ်။တစ်နေ့တာကိုဘယ်လိုလုပ်ဆောင်မှုတွေကအထောက်အကူဖြစ်စေနိုင်လဲလို့နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။

၁။ အိပ်ရာစောစောထပါ
အခုနောက်ပိုင်းလူတော်တော်များများကညနက်မှအိပ်တတ်ကြပြီးမနက်ခင်းရဲ့နေရောင်ခြည်ကိုထိတွေ့ခံစားဖို့မေ့နေတတ်ကြပါတယ်။နေ့သစ်ရဲ့တစ်နေ့တာကိုစဖို့ဆိုတာက အိပ်ရေးဝပြီးလန်းဆန်းတက်ကြွဖို့လည်းလိုအပ်ပါတယ်။

၂။စာများများဖတ်ပါ
စာများများဖတ်ခြင်းဖြင့်ကိုယ်မသိသေးတဲ့အကြောင်းအရာတွေ့ကိုလည်းလေ့လာလို့ရပါတယ်။ အသိပညာစာမှာရှိဆိုတော့စာအုပ်စာပေဖတ်ခြင်းကကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပြီး၊ကျဆုံးခြင်း၊အောင်မြင်ခြင်းရဲ့အဓိပ္ပါယ်ကိုလည်းစာအုပ်စာပေမှသိရှိရပါတယ်။

၃။စိတ်ကူးတွေကိုချဲ့ထွင်ပါ
အပြုသဘောဆောင်တဲ့ စိတ်အခြေအနေကသင့်ကိုအမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်စေနိုင်သလို၊ အများတကာရဲ့လေးစားမှုနဲ့လည်းထိုက်တန်စေပါတယ်။ ဒီလောက်ဆိုတော်ပြီဆိုတာထက် ပိုတွေးနိုင်ရမယ်၊ပိုလုပ်နိုင်ရမယ်လို့အမြဲတွေးပေးပါ။

၄။လေ့ကျင့်ခန်းလုပ်ပါ
ကျန်းမာရေးကောင်းခြင်းကလည်းလာဘ်တစ်ပါးဖြစ်တာမို့ကျန်းမာမှလည်းအလုပ်တွေကိုအနှောက်အယှက်ကင်းကင်းနဲ့လုပ်နိုင်မှာဖြစ်ပါတယ်။ကျန်းမာဖိုအတွက်လေကျင့်ခန်းကိုလည်းအချိန်မှန်မှန်နဲ့လုပ်ပေးဖို့လိုအပ်ပါတယ်။

၅။ပင်ကိုယ်အရည်အချင်းကိုပြုစုပါ
မိမိကိုယ်နဲ့မိမိရဲ့ရပ်တည်ချက်ကိုခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းကပြီးပြည့်စုံတဲ့စိတ်ချယုံကြည်မှုကိုဖြစ်စေပြီး အောင်မြင်မှုဆီကိုခေါ်ဆောင်သွားနိုင်ပါတယ်။အများကလုပ်ပါလို့မပြောခင်မိမိကအသိစိတ်နဲ့လုပ်တာကအကောင်းဆုံးပါ။

Kelly (Akhayar Lifestyle)

Photo Credit