10K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်တဲ့ Sumail

10K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်တဲ့ Sumail

ပရိုဖက်ရှင်နယ် ကစားသမား အများစု အနေနဲ့ ပြိုင်ပွဲများ ရပ်နားထားတဲ့ အားလပ်ချိန် ကာလတွေမှာ Rank Match တွေမှာ အားစိုက် ကစားခဲ့ကြတာကြောင့် 10K MMR ပြည့် ကစားသမား စာရင်းဟာ ဆိုရင်လည်း တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပါတယ်။

10K MMR ပြည့် ၁၃ ယောက်မြောက် ကစားသမား အဖြစ် မှတ်တမ်းနိုင်ခဲ့တဲ့ ကစားသမားကတော့ OG Dota2 အသင်းရဲ့ Carry ကစားသမား Sumail ပဲ ဖြစ်ပါတယ်။ Syed Sumail “Sumail” Hassan အနေနဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က ပြုလုပ်ခဲ့တဲ့ Streaming Session တစ်ခုမှာ သူလည်းပဲ 10K MMR ပြည့် ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြသသွားခဲ့တာ ဖြစ်ပါတယ်။

Sumail အနေနဲ့ အခြားသော 10K MMR ပြည့် ကစားသမားတွေနဲ့ တူညီခြင်း မရှိစေဖို့ အတွက် ရည်ရွယ်ပြီး 10K MMR ကို တက်လှမ်းနိုင်ဖို့ အတွက် ကစားခဲ့ရတဲ့ Rank Match အများစုကို Random Pick ဖြင့်သာ ကစားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Sumail အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၃) ပွဲမှာ မတူညီတဲ့ Hero (၁၂) ကောင်ကို အသုံးပြုခဲ့ကြောင်းကိုလည်း တရားဝင် ချပြသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Sumail အနေနဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် OG Dota2 အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတာကြောင့် အားလပ်ချိန်တွေမှာ အခြားသော 10K MMR ကစားသမားတွေကို ကျော်လွန်ပြီး ကမ္ဘာ့ပထမဆုံး 11000 MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ဆက်လက် ကြိုးစားသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

10K MMR ပြည့် ကစားသမားများ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota2 ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Abed "Abed" Yusop
  • Yeik "MidOne" Nai Zheng
  • Artour "Arteezy" Babaev
  • Roman "Ramzes666" Kushnarev
  • Marc "Raven" Polo Luis Fausto
  • Rafli "Mikoto" Fathur Rahman
  • Aliwi "w33" Omar
  • Armel "Armel" Paul Tabios
  • Cheng "Nothingtosay" Jin Xiang
  • Vladimir "No[o]ne" Minenko
  • Alik "V-Tune" Vorobey
  • Linus "Limmp" Blomdin.
  • Syed Sumail “Sumail” Hassan

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle