နွေရာသီအတွက်အလိုက်အဖက်ဆုံးနဲ့ပေါ့ပေါ့ပါးပါးလေးဖြစ်စေတဲ့ Outfits ၅စုံ

နွေရာသီအတွက်အလိုက်အဖက်ဆုံးနဲ့ပေါ့ပေါ့ပါးပါးလေးဖြစ်စေတဲ့ Outfits ၅စုံ

နွေရာသီကမြန်မာနိုင်ငံမှာဆို တစ်ခြားနိုင်ငံတွေထက်ပူတဲ့ကာလကပိုများတာတွေ့ရပါတယ်။အပူဒဏ်မြင့်လာတာကြောင့် အရင်ဝတ်နေကျ ကာလအရင့်တွေ အနက်ရောင်လိုကာလာမျိုးတွေမဝတ်သင့်ပါဘူး။   အဲ့လိုအရမ်းပူနေတဲ့အချိန်တွေဆိုရင် ကိုယ့်ရဲ့အဝတ်အစားကလည်းသက်တောင့်သက်သာဖြစ်နေဖို့လိုအပ်ပါတယ်နော်။အရောင်ရွေးချယ်မှုကလည်းလိုအပ်ပါတယ်။အဲ့လိုမဟုတ်ပဲ လှရင်ပြီးရောဆိုတာမျိုး ရွေးဝတ်မိရင်တော့လား အိမ်အပြင်ရောက်တာနဲ့ချွေးတပြိုက်ပြိုက်နဲ့စိတ်ရှုပ်စရာတာပဲအဖတ်တင်ပါတယ်။တောက်တောက်ပြောင်ပြောင်အရောင်ကြီးတွေထက် စိတ်ကိုလန်းဆန်းစေလောက်တဲ့အရောင်လေးတွေမျိုး၊ မြင်လိုက်တဲ့သူတွေကလည်းကြည့်လိုက်တာနဲ့ရိုးရိုးရှင်းရှင်းလေးနဲ့အထာကျစေမဲ့ Outfits Idea အတွဲအစပ် လေးတွေကိုကြည့်လို့ရအောင် Akhayar Summer Fashion ပုံလေးစုပြီးမျှဝေပေးချင်ပါတယ်နော်။

Kelly (Akhayar Lifestyle)

Photo-Akhayar Lifestyle