နွေရာသီမှာ ခပ်မိုက်မိုက်ဖြစ်စေမဲ့ Outfit Idea လေးတွေအကြောင်း

နွေရာသီမှာ ခပ်မိုက်မိုက်ဖြစ်စေမဲ့ Outfit Idea လေးတွေအကြောင်း

လေဒီတို့ရေ နွေဦးလည်းမကြာခင်ရောက်လာတော့မှာဆိုတော Summer  နဲ့လိုက်ဖက်မဲ့  Outfits idesလေးတွေဝေမျှသွားမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါလေးဖြစ်ပြီးတော့ကြည့်လိုက်ရင်လည်းအမြင်ခပ်ဆန်းဆန်းလေးဖြစ်စေမဲ့  Outfits wear လေးတွေကိုဝတ်စေချင်ပါတယ၊် အခုနောက်ပိုင်းတော့  Retro wear လေးတွေတဖန်ပြန်ပြီးတော့ Trend ဖြစ်လာတာတွေ့ရတယ်ပေါ့နော် ၊ Retro ဆိုတာကတော့ 1980 နောက်ပိုင်းကဝတ်တဲ့outfits လေးတွေကိုပြောချင်တာပါ။

အင်္ကျီဆိုရင်လည်းအရောင်ဖျော့ဖျော့လေးတွေကို အောက်က  ချည်သားဘောင်းဘီဒူးပေါ်လေးတွေနဲ့လည်းတွဲဝတ်ရင်လည်းမရိုးမဆန်းလေးဖြစ်တာပေါ့။

ချည်သားဂါဝန်အရှည်လေးတွေဆိုရင်လည်းဝတ်ရတာသင့်တောင့်သင့်သာဖြစ်ပြီးတော့အမြင်လည်းမရိုင်းဘူးနော်။

အပေါ်ကတီရှပ်ဗြောင်လေးကိုလည်း အောက်ကစကတ်အစင်းအကြောင်းလေးတွေနဲ့တွဲဝတ်ရင်လည်း လူငယ်ဆန်ပါတယ်။


နောက်တစ်မျိုးလေးဆိုရင်တော့ လက်ပြတ်အစင်းလေးတွေကို ဂျင်းဘောင်းဘီအတိုလေးနဲ့တွဲဝတ်ရင်လည်းခပ်လန်းလန်းလေးဖြစ်သွားတယ်။


တီရှပ်ပွပွလေးတွေကိုလည်း ဂျင်းဘောင်းဘီအတိုလေးနဲ့တွဲဝတ်ရင်ပြန်ရင်လည်းအမြင်ရိုးရိုးလေးနဲ့လန်းစေတယ်နော်။


ကဲ့ဒီဆိုရင်လေဒီတို့မှာ ဂျင်းအတိုလေးတစ်ထည်ရှိရုံနဲ့တော်တော်အဆင်ပြေနေပြီနော်၊ခါးပတ်လေးပါတပ်လိုက်မယ်ဆိုရင်ပိုအထာကျစေတာပေါ့။

အရောင်လေးတွေဆိုရင်လည်း တောက်တောက်ကြီးတွေမဟုတ်ဘဲနဲ မျက်စိအေးပြီး၊ အပူစုပ်တဲ့ကာလာလေးတွေကိုရှောင်စေချင်ပါတယ။် အပြင်ထွက်ရင်လည်း နေလှောင်ဒဏ်ကိုကွာကွယ်ပေးတဲ့ ခရင်(မ်) လေးတွေကိုလိမ်းသွားဖို့မမေ့ကျနဲ့နော်။

Kelly (Akhayar)

Photos Credit