နွေရာသီမှာမဖြင့်မနေသိသင့်တဲ့ Beauty Tips လေးတွေအကြောင်း

နွေရာသီမှာမဖြင့်မနေသိသင့်တဲ့ Beauty Tips လေးတွေအကြောင်း

ရာသီဥတုကလည်းတဖြည်းဖြည်းနဲ့ပူလာပြီဆိုတော့ အသားရေကိုလည်းပိုဂရုစိုက်ဖို့လိုအပ်လာပြီနော်ချစ်တို့။ဂရုစိုက်ရမဲ့နည်းလမ်းလေးတွေနဲ့ဆောင်ရန်ရှောင်ရန်လေးတွေကိုဒီကနေတစ်ဆင့်ဝေမျှပေးချင်ပါတယ်။

ရှောင်ရမှာနဲ့ သတိထားသင့်တာနွေရာသီရောက်တာနဲ့ Beach တွေသွားပြီးပြန်လာရင် နေလောင်ပြီး အရေပြားကယားတတ်တာမို့ အရမ်းကုတ်မိတာမျိုး၊ လက်နဲ့ဖဲတာမျိုးတို့၊ အရေပြားလန်နေတာတွေကိုလက်နဲ့ဆွဲခွာတာမျိုးတွေမလုပ်သင့်ပါဘူးနော်။ Body Scrub တွေကိုတော့နေလောင်နေတဲ့အတောအတွင်းလုံးဝရှောင်ကျင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေးပြားက ပွန်းပဲ့လွယ်နေပြီး၊ ပါးလွှာနေတာကြောင့်ပါ။ အဝတ်အစားကျပ်ကျပ် အသားကိုယားယံစေမဲ့ နိုင်လွန်လိုအစနဲ့အဝတ်အစားမျိုးတွေကိုဖြစ်နိုင်ရင်မဝတ်စေချင်ပါဘူး ပိုနေရခက်စေတာကြောင့်မို့ပါ။

ဆောင်ရန်လေးတွေကတော့

နေကလည်းလောင်ထားတယ် ကိုယ်ကလည်းရေနွေးနဲ့ချိုးနေကျဆိုရင် ရေအေးလေးနဲ့ချိုးတာကပိုသင့်တော်ပါတယ်၊  နွေရာသီမှာနေလောင်ဓာတ်ကာကွယ်ဖို့ဆိုရင် Sunscreen ကိုတော့မဖြစ်မနေလိမ်းဖို့မမေ့ကျပါနဲ့နော်။နေရောင်ခြည်ကိုလည်းကာကွယ်ပြီးအရေအပြားရဲ့အစိုဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ Skin Care Products လေးတွေကိုရွှေးချယ်စေချင်ပါတယ်၊ အပူဒဏ်တွေများပြီးတော့ ခန္ဓာကိုယ်မှာရေဓာတ်က ကုန်ခမ်းသွားတာကြောင့် ရေများများပြန်သောက်ပေးဖို့လည်းလိုတယ်နော်။ ပျက်ဆီးသွားတဲ့အသားအရေအတွက်လည်း စိတ်မပူပါနဲ့အိမ်မှာရှိတဲ့ အုန်းဆီအနှစ်အခဲလေးကိုနေလောင်နေတဲ့နေရာလေးမှာ ပါးပါးလေးလိမ်းပေးလို့ရပါတယ်၊ ရှားစောင်းလက်ပတ်လိမ်းတာတွေလည်းလုပ်လို့ရတယ်နော်၊ သနပ်ခါးထူထူလေးလိမ်းပေးရင်လည်း အစွမ်းထက်ပါတယ်။ ကဲ့ဒါကြောင့်အပြင်ထွက်ရင်လည်း နေကာမျက်မှန်နဲ့၊ ထီး(သို့)ဦးထုပ်လေးပါဆောင်သင့်တယ်နော်။

kelly(Akhayar)

Photo Credit