ဘော်ဒါတွေနဲ့ ဘာလို့ကမ်းခြေသွားသင့်တာလဲ

ဘော်ဒါတွေနဲ့ ဘာလို့ကမ်းခြေသွားသင့်တာလဲ

သူငယ်ချင်းတွေနဲ့နွေရာသီမှာခရီးသွားပါ။အချစ်ရဆုံးသူငယ်ချင်းဆိုတာက ကိုယ့်ရဲ့ဒုတိယမိသားစုပါပဲ့၊အုပ်စုလိုက်ခရီးအတူတူသွားတာကလည်းအမှတ်တရလေးတွေကိုချစ်ရတဲ့သူနဲ့အတူတူဖန်တီးသလိုပါနော်။ခရီးသွားရင် တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်ကပိုနားလည်ပြီး၊ပိုသိသလိုမျိုးပေါ့။ခရီးသွားရင်းနဲ့လည်းအဆင်မပြေလို့ပြန်လာရင် အဆက်အသွယ်တွေမလုပ်ကြတဲ့ သူငယ်ချင်းတွေလည်းအများကြီးပါ။လူရဲ့စိတ်ဆိုတာ မမြင်နိုင်တဲ့အရာတစ်ခုပါ။ဒါပေမယ့် ပိုပြီးတော့ရင်းနှီးမှုရပြီး ခရီးကပြန်လာရင်ပိုသံယောဇာဉ်ရှိလာနိုင်ပါတယ်။ခရီးသွားမယ်ဆိုရင်တော့ နွေရာသီမှာသွားတာကပိုကောင်းပါတယ်။သူငယ်ချင်းတွေနဲ့အသွားသင့်ဆုံးနေရာက ကမ်းခြေပဲဖြစ်ပါတယ်။ဓာတ်ဖမ်းလို့လည်းကောင်းတယ်။

Chilling လုပ်လို့လည်းအကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တယ်။အလုပ်တွေနဲ့ရှပ်နေတဲ့စိတ်တွေကိုလည်း Relax လုပ်ပေးတယ်။အုပ်စုလိုက်ကဲမယ်ဆိုရင်ကမ်းခြေကတော့အတူတူအသွားသင့်ဆုံးနေရာပါ။ ညဘက်ဆိုရင် အတူတူစုအိပ်ပြီး ကိုယ့်ဘဝအကြောင်းလေးတွေကိုသူငယ်ချင်းတွေကို အမှတ်တရအနေနဲ့ပြန်ပြောပြမယ်။ဂိမ်းလေးတွေကစားမယ်။မီးပန်းတွေဖောက်မယ်။လုပ်မယ်ဆိုရင်တော့အများကြီးပါနော်။မနက်ဘက်ရောင်ရင် ပင်လယ်စားတွေစားရင်းနဲ့ ရေကူးမယ်။ ဘော်လုံးကန်ကြမယ်။ဒီလိုပျော်စရာကောင်းတဲ့အချိန်တွေက တစ်ချိန်ကျရင်ပြန်တွေးကြည့်လိုက်ရင်အရမ်းကိုကြည်နူးစရာကောင်းပါတယ်နော်။ဒါကြောင့်နွေရာသီမှာ သူငယ်ချင်းတွေစုပြီး ကမ်းခြေမှာအပန်းလေးတော့သွားဖြေသင့်တယ်နော်ဘော်ဒါတို့။

Photo Credit- We heart it

Kelly (Akhayar Lifestyle)