အသားအရေကာကွယ်ဖို့ Sunscreen သုံးမယ်ဆို ဘယ်အချက်သိထားသင့်လဲ

အသားအရေကာကွယ်ဖို့ Sunscreen သုံးမယ်ဆို ဘယ်အချက်သိထားသင့်လဲ

Sunscreen ဆိုတာကလူတစ်ယောက်ရဲ့အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်းပြောလို့ရပါတယ်။Sunscreen ကိုအပြင်ထွက်တဲ့အခါ နေရောင်ကလာတဲ့ UV rays တွေကိုကာကွယ်ဖို့ အတွက် Sunscreen ကိုနေ့တိုင်းသုံးသင့်ပါတယ်။ Sunscreen  ကိုစွဲစွဲမြဲမြဲသုံးမယ်ဆိုရင် ဒီအချက်လေးတွေကတော့ သိသင့်တယ်လို့မြင်ပါတယ်။
လိုတာထက်ပိုမသုံးပါနဲ့
ကိုယ်ကခရီးတွေထွက်တယ်၊နေနဲ့တိုက်ရိုက်ထိတွေနေရလို့ဆိုပြီး အများကြီးတွေလိမ်းကြပါတယ်။အဲ့လိုမျိုးကအသားအရေအတွက် ဓာတ်ဖြစ်စေနိုင်သလို၊အသားလဲလှောင်နိုင်ပါတယ်။  Sunscreen ကိုတစ်ခါလိမ်းရင်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက်လိမ်းပေးပြီး ၊နှစ်နာရီကြာတစ်ခါလိမ်းပေးသင့်ပါတယ်။

Photo Credit -Design


Full- Coverage ဖြစ်တဲ့ Sunscreen
တစ်ချို့ Sunscreenတွေကသေချာရွေးဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုရင်တော့ ကိုယ်ရဲ့အသားအရေက Sensitive လား ၊ Oily Skin လားဆိုတာသိဖို့တော့အရေးကြီးပါတယ်။Essence Type , Gel Type Sunscreen တွေမျိုးရွေးချယ်သင့်ပါတယ်။ တစ်ချို့ Sunscreen တွေက လိမ်းလိုက်ရင် ဖြူဖြူကြီးမျိုးဖြစ်နေတဲ့ Cream တွေမျိုးလဲရှိပါတယ်။အဲ့လို့မျိုးဆိုရင် ကိုယ့်အသားအရေကို ကာကွယ်နိုင်ရဲ့လားဆိုတာရွေးချယ်တတ်ဖို့လိုပါတယ်။

Photo Credit -Adobe