အဆုတ်ကို သန့်စင်ပေးနိုင်တဲ့အစားအစာတွေကဘာတွေဖြစ်မလဲ

အဆုတ်ကို သန့်စင်ပေးနိုင်တဲ့အစားအစာတွေကဘာတွေဖြစ်မလဲ

အခုလိုအချိန်မျိုးမှာ အာဟာရပြည့်ဝအောင်စားပေးဖို့လိုအပ်သလို အဆုတ်ကိုအဓိက အားကောင်းအောင်လည်းလိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို စားပေးခြင်းကခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ခံအားကိုလည်းအထူးဂရုစိုက်ရာရောက်ပါတယ်နော်။ အဆုတ်ကိုအားကောင်းစေပြီး သန့်စင်ပေးနိုင်တဲ့ အစားစာတွေကိုတော့တစ်နေ့တာရဲ့ ဖြည့်စွက်အစာတစ်ခုအနေနဲဲ့စားပေးဖို့လိုအပ်ပါတယ်။
ပန်းသီး
ပန်းသီးကမြန်မာလူမျိုးတွေအတွက် အသင့်တော်ဆုံးအသီးတစ်မျိုးလည်းဖြစ်သလို အလွယ်တကူ၀ယ်ယူလို့ရတဲ့အသီးတစ်မျိုးပါ။အမျှင်ဓာတ်နဲ့ Vitamin ဓာတ်တွေပါ၀င်တဲ့အတွက်အဆုတ်ကိုအားကောင်းစေပြီး သန့်စင်ပေးနိုင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဆရာ၀န်တွေရဲ့ပြောကြားချက်အရ အခုလိုအချိန်မျိုးမှာ တစ်နေ့တစ်လုံးစားပေးသင့်ပါတယ်။


ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကလည်း အသားအရေအတွက်တောင်သာမက အဆုတ်အတွက်လည်းအထူးကိုစားပေးသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဟင်းလျာတစ်ခွက်အနေနဲ့လည်းချက်စားသင့်သလို ဒီအတိုင်းစားရင်တောင် ဘာဆိုးကျိုးမှမရှိတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

ရွှေဖရုံသီး
ဆေးလိပ်သောက်သူတစ်ယောက်အနေနဲ့ ရွှေဖရုံသီးကိုမစားမဖြစ်စားပေးသင့်ပါတယ်။အဆုတ်ကိုအားဖြစ်စေတဲ့အပြင် antioxidant ကိုလည်းထုတ်ပေးနိုင်ပါတယ်။

Cali- Akhayar Lifestyle

Photo Credit -insider