ကိုယ့်ရဲ့ Partner ကို Supportive ပေးနိုင်တဲ့သူတစ်ယောက်ရဲ့အချက်တွေက

ကိုယ့်ရဲ့ Partner ကို  Supportive ပေးနိုင်တဲ့သူတစ်ယောက်ရဲ့အချက်တွေက

ဘဝတစ်ကွေ့မှာတွေ့ဆုံပြီတစ်စိမ်းတွေအဆင်ကနေ သံယောဇဉ်တွေတဖြည်းဖြည်းတိုးလားပြီး ချစ်သူရည်းစားတွေဖြစ်လာတဲ့အခါမှာသူ့ဆီကကြင်နာမှုတွေ၊ယုယမှုတွေကိုတပ်မက်တတ်ကြတာကတော့သဘာဝပေါ့နော်။ဒါပေမယ့် ကိုယ့်ဘက်ကရေပေးဆပ်ဖို့  Supportive ပေးဖို့ရောစဉ်းစားဖူးလား ?
ကိုယ့်ဘက်ကသူဘာလိုနေလဲလို့အမြဲဂရုစိုက်ဖူးလား
တစ်ချို့သူတွေက တစ်ဖက်သူဆီကပဲသူတို့ရဲ့လိုအပ်ချက်တွေကိုစောင့်မျှော်လေ့ရှိပါတယ်။ ကိုယ့်ဘက်ကတော့ သူ့ဘာတွေလိုနေမလဲ၊ ဆိုတာကိုပြန်တွေးဖို့မေ့နေတတ်ကြပါတယ်နော်။ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် သူဘက်ကိုလည်းစဉ်းစားပေးတတ်ဖို့လိုပါတယ်နော်။ ဒါမှလည်းနှစ်ဦးနှစ်ဖက်ကတစ်ယောက်ကိုတစ်ယောက်အကောင်းမြင်စိတ်တွေထိုးလာနိုင်ပါတယ်။


ပြသာနာတွေကို အတူတူရင်ဆိုင်ဖူးလား
ဒီအချက်ကအရေးကြီးဆုံးလည်းဖြစ်သလို လိုက်လုပ်ဖို့ကလည်းတော်တော်လေးခက်ခဲပါတယ်။ အတွဲတွေတော်တော်များများက တစ်ယောက်ကပြသာနာတွေကြုံလာရင် မသိသလို၊မဆိုင်လိုနေတတ်ကြပါတယ်။ခေါင်းရှောင်တဲ့သဘောမျိုးပေါ့ တကယ်တော့ဒီလိုမျိုးလုပ်လိုက်ခြင်းက သူ့ကိုစိတ်နာသွားစေနိုင်သလို နှစ်ယောက်သားကဝေးကွာသွားစေနိုင်ပါတယ်။အဲ့တော့ သူပြသာနာဖြစ်နေရင် ကူညီပါ၊စိတ်ခွန်အားတွေပေးလိုက်ပါနော်။


သူ့လုပ်ရပ်တွေကို အားပေးဖူးလား
လူတစ်ယောက်ရဲ့အလိုချင်ဆုံးက ကိုယ့်ချစ်ရတဲ့သူ၊ တန်ဖိုးထားရတဲ့သူဆီက အားပေးစကား၊ချီးကျူးစကားပါနော်။ဘယ်လောက်ပဲရင့်ကျင့်တဲ့သူတစ်ယောက်ဖြစ်ပါစေ ကိုယ့်ချစ်သူဆီက ကိုယ်မှားတာကိုပြင်ပေးတာမျိုးဖြစ်ဖြစ်၊ ကိုယ့်ရဲ့လုပ်ရပ်တွေတော်ရင် အားပေးတာမျိုးဖြစ်ဖြစ်လိုချင်တတ်ကြပါတယ်။

Photo Credit -Pinterest

Kelly- Akhayar Lifestyle