" Suzume no Tojimari-‌Anime ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက် 6 ချက် "

" Suzume no Tojimari-‌Anime ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက် 6 ချက် "

Makoto Shinkai ရဲ့ Suzume no Tojimari ကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက် တွင်  အင်ဒိုနီးရှားတွင် တရားဝင် ရုံတင်ပြသခဲ့ပါတယ်။ဒါပေမယ့် ဒီ anime က နိုဝင်ဘာ 11၊ 2022 တွင် ဂျပန်နိုင်ငံမှာ ဖြန့်ချိခဲ့ပြီးသားဖြစ်ပါတယ်။ Suzume no Tojimari ကထွက်ရှိပြီး ပထမသုံးရက်အတွင်း ဂျပန်နိုင်ငံ တွင် လက်မှတ်ပေါင်း ၁.၃၃ သန်းခန့်အထိ ရောင်းချနိုင်ခဲ့ပါတယ်၊ ရုပ်ရှင်က ယန်း 13.9 ဘီလီယံခန့် အမြတ်ငွေ လည်းရရှိခဲ့ပါတယ်။အရင်ထွက်ရှိခဲ့တဲ့ Makoto Shinkai ရဲ့ ဇာတ်ကားနှစ်ကားဖြစ်တဲ့ Your Name နှင့် Weathering with You တို့ကိုပင် ကျော်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ရုံတင်ရက်နဲ့ ရုံတင်ပြီးတဲ့ အချိန်မှာရော  လူတော်တော်များများက ဒီဇာတ်ကားကို ကြည့်ဖို့ စိတ်အားထက်သန်နေကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

(Spolier အနည်းငယ်ပါနိုင်တာမို့လို့ မကြည့်ရသေးရင် အရင်ကြည့်ဖို့ပြောပါရစေ။)

ဇာတ်လမ်းအကျဉ်း

Suzume no Tojimari ကတော့  Suzume ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးနှင့် Souta အမည်ရှိ တဲ့ လူငယ်လေးတစ်ဦးတို့ရဲ့ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် ဂျပန်နိုင်ငံတစ်ဝိုက်တွင် စွန့်စားခန်းသွားတဲ့ ဇာတ်လမ်းပုံစံလေးပဲဖြစ်ပါတယ်။ဒီတော့ Suzume no Tojimari နှင့်ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တွေကို ပြောပြပေးပါမယ်။

1..Makoto Shinkai ရဲ့ 13 ခုမြောက် Anime ရုပ်ရှင်

Makoto Shinkai က ၁၉၉၈ ခုနှစ်တွင် Nihon Falcom အတွက် ဗီဒီယိုဂိမ်း ကာတွန်းသရုပ်ဆောင်အဖြစ် စတင်အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်။၊နှစ်အနည်းငယ်ကြာပြီးနောက်မှာ ရုပ်ရှင်ရိုက်ကူးသူအဖြစ် ပထမဆုံးပွဲထွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် "The World be Enclosed" နှင့် "Other Worlds" ခေါင်းစဉ်ဖြင့် Short Flims တွေနဲ့ စတင်ခဲ့တယ်၊ သူ့ရဲ့ ပထမဆုံး Anime ရုပ်ရှင်ကို 2004 ခုနှစ်တွင် "The Place Promised in Our Early Days" ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့ပါတယ်။Suzume no Tojimari ကတော့ Makoto Shinkai ရဲ့ ၁၃ ခုမြောက် ဇာတ်ကားဖြစ်ပြီး Makoto ရဲ့ အခြားနာမည်ကြီး anime ဇာတ်ကားများကတော့ Kimi No Na Wa (Your Name)၊ Weathering with You၊ The Garden of Words၊ 5 Centimeters per Second၊ Children Who Chase Lost၊ Voices, to Someone's Gaze တွေပဲဖြစ်ပါတယ်။

2.အခြားanimeရုပ်ရှင်တွေကနေ Inspiration ယူထားခြင်း

Suzume no Tojimari ကိုယ်တိုင်က Haruki Murakami ရဲ့ Super-Frog Saves Tokyo နှင့် Kafka on the Shore တို့မှ Inspiration များ ယူထားကြောင်ူပြောခဲ့ပြီး 1989 တွင်ထွက်ရှိခဲ့သော Kiki's Delivery Service ထဲက လူငယ်ဇာတ်လမ်း,အိမ်မှထွက်ခွာသွားသော အမျိုးသမီးဇာတ်ကောင်ရဲ့ခရီးစဉ် စတာတွေကလည်း ဤရုပ်ရှင်အတွက် လွှမ်းမိုးမှုများစွာရှိခဲ့တဲ့အကြောင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

3.သဘာဝဘေးအန္တရာယ်နဲ့ဆိုင်တဲ့ အကြောင်းအရာများကိုထည့်သွင်းထားခြင်း

Makoto Shinkai ရဲ့ လက်ရာများတွင် အများစုမှာ သဘာဝဘေးအန္တရာယ်များအတွက် ဆောင်ပုဒ်များ ပါဝင်တာကိုတွေ့ရမှာပါ။Your Name ဇာတ်ကားတွင်ဆိုလည်း ဥက္ကာပျံတစ်ခုပါဝင်ပြီး၊ Weathering With You မှာဆိုရင် ကြီးမားသောရေကြီးမှုပါဝင်သကဲ့သို့၊ ယခုတစ်ကြိမ်တွင်လည်း Suzume no Tojimari ရဲ့ အဓိကအကြောင်းအရာဖြစ်သည့် ငလျင်နှင့်ဆူနာမီအကြောင်း စိတ်ဝင်စားဖွယ်စိတ်ကူးယဉ်ဇာတ်လမ်းဖြင့် ဖန်တီးထားတာပဲဖြစ်ပါတယ်။

4.RADWIMPS နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Suzume no Tojimari က ဂျပန်ရော့ခ်ဂီတအဖွဲ့ RADWIMPS နှင့် Makoto Shinkai တို့ရဲ့ တတိယမြောက် ပူးပေါင်းမှုဖြစ်တယ်လို့ပြောရမှာပါပဲ။အတူတူဖန်တီးမှုတွေမှာ ဆိုရင်လည်း RADWIMPS နှင့် ပူးပေါင်းခဲ့တဲ့ Makoto Shinkai ရဲ့ လက်ရာတွေကတွေက Your Name နဲ့ Weathering With Youတို့ပဲ ဖြစ်ပါတယ်။RADWIMPSက အဖွင့်နှင့် အဆုံးသီချင်းများကို သီဆိုခဲ့ပြီး တေးရေးဆရာ Kazuma Jinnouchiက ဒီ anime ရုပ်ရှင်ရဲ့ နောက်ခံတေးဂီတအားလုံးကို တာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။

5.ဂျပန်ဒဏ္ဍာရီတွေကို အခြေခံထားခြင်း

ဂျပန်နိုင်ငံလို့ ဆိုလိုက်ရင် ဒဏ္ဍာရီအမျိုးမျိုးကြောင့် လူသိများသောနိုင်ငံဖြစ်သလို anime အများအပြားကလည်း လူကြိုက်များသောဒဏ္ဍာရီများကို စိတ်ကူးယဉ်ဇာတ်လမ်းများအဖြစ် ထည့်သွင်းအသုံးပြုထားတာပဲဖြစ်ပါတယ်။ Suzume no Tojimari ဟာဆိုရင်လည်း ငလျင်နှင့် ကြောင်တွေနဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီများကို အခြေခံထားတာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာ မီးတောင်လှုပ်ရှားမှုများနှင့် မြေပြင်ပြားရွေ့လျားမှုကြောင့် ငလျင်လှုပ်ခတ်လေ့ရှိသည့် နိုင်ငံဖြစ်သောကြောင့် ဂျပန်လူမျိုးများက ငလျင်လှုပ်ခြင်းမှာ မြေအောက်သို့ ရွေ့လျားနေသော နာမာဆုဟုခေါ်သော ဧရာမနဂါးကြီးကြောင့် ဖြစ်သည်ဟု ယုံကြည်ကြပါတယ်။ဒါ့ပြင် ဂျပန်ဒဏ္ဍာရီအရ Daijin ဟု အမည်ပေးထားသည့် ကြောင်ဇာတ်ကောင်က လူသားများကို အခြားကမ္ဘာသို့ ခေါ်ဆောင်နိုင်သည့် တိရစ္ဆာန်ဟု ယူဆကြပါတယ်။ ဒါကြောင့် ဒီဇာတ်ကားထဲမှာ Daijin လို့ခေါ်တဲ့ ဇာတ်ကောင်လည်း ပါရှိပါတယ်။

6.Suzume no Tojimari ပိုစတာရဲ့အဓိပ္ပါယ်

ပိုစတာ တွေက Flim Production တစ်ခုရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။Suzume no Tojimari ပိုစတာဟာဆိုရင် ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နှင့် ပရိသတ်များ သိချင်လာအောင် ပြုလုပ်ထားပြီး ဖုံးကွယ်ထားသော အဓိပ္ပါယ်လည်း ရှိပါတယ်။Poster ထွက်ရှိလာပြီးတော့ ပရိတ်သတ်တွေတော်တော်များများရဲ့ အာရုံစိုက်မှုကိုရထားခဲ့တာလည်းဖြစ်ပါတယ်။ Makoto Shinkaiရဲ့ အဆိုအရ Suzume no Tojimari အတွက် ပိုစတာဟာ ကုလားထိုင်ကိုကိုင်ဆောင်ထားပြီး တံခါးရှေ့တွင်ရပ်နေသော Suzume ရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Suzume က "လူတိုင်းသူတို့စတင်ခဲ့သည့်အရာအတွက် တာဝန်ယူလိုစိတ်ရှိရမည်"ဟု ဆိုလိုတာပဲဖြစ်ပါတယ်။


Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle