Chicken Fighters အဖွဲ့သားတွေကို ခေါ်ယူပြီး Dota2 လောကထဲကို ဝင်ရောက်လာတဲ့ High Coast Esports

Chicken Fighters အဖွဲ့သားတွေကို ခေါ်ယူပြီး Dota2 လောကထဲကို ဝင်ရောက်လာတဲ့ High Coast Esports

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကမှ Esports လောကထဲကို စတင် ဝင်ရောက် လာခဲ့တဲ့ High Coast Esports ကတော့ Dota2 လောကထဲကိုပါ စတင် အခြေချလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အခြေစိုက် High Coast Esports ကို လူငယ်လူရွယ်များရဲ့ Esports အိပ်မက်ကို အတတ်နိုင်ဆုံး ကူညီ အကောင်အထည် ဖော်ပေးနိုင်ဖို့ တည်‌ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး CS:GO, Rainbow 6 Seige, Overwatch, FIFA, Rocket League စတဲ့ Esports နယ်ပယ်တွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။

High Coast Esports Dota2 အသင်းကို DreamLeague Season 14 DPC EU Upper Division မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ Chicken Fighters အဖွဲ့သားတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါ အသင်းမှာ ဖျက်သိမ်းသွားခဲ့တဲ့ NiP Dota2 အသင်းနဲ့ OG.Seed Dota2 အသင်းရဲ့ ကစားသမားတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Era

Chicken Fighters (လက်ရှိ High Coast Esports) Dota2 အသင်း အနေနဲ့ DreamLeague Season 14 DPC EU Decider Tournament မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ Direct Invite ရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲမှာ ထိပ်ဆုံး လေးသင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် DreamLeague Season 14 DPC EU Upper Division မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

High Coast Esports Dota2 အသင်း အနေနဲ့ DPC EU Upper Division မှာ အဖွင့်ပွဲစဉ် အဖြစ် TI နှစ်ထပ်ကွမ်း ချန်ပီယံ ကစားသမားတွေ ပါဝင်တဲ့ OG Esports နဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Xibbe

High Coast Esports Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Charlie “CharlieDota” Arat – Pos 1
  • Ondrej “Supream” Starha – Pos 2
  • Rasmus “Chessie” Blomdin – Pos 3
  • Adrian “Era” Kryeziu – Pos 4
  • Andreas “Xibbe” Ragnemalm – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle