2021 LOL ရာသီအတွက် SwordArt ကို ခေါ်ယူသွားဖို့ ကြံရွယ်လျက်ရှိတဲ့ TSM

2021 LOL ရာသီအတွက် SwordArt ကို ခေါ်ယူသွားဖို့ ကြံရွယ်လျက်ရှိတဲ့ TSM

2021 Worlds Championship ပြိုင်ပွဲကြီးမှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ Suning Gaming ရဲ့ Support ကစားသမားဖြစ်တဲ့ SowrdArt ကို 2021 LCS ရာသီ စတင်ချိန်မှာ TSM LOL အသင်းနဲ့အတူ မြင်တွေ့သွားရဖွယ် ရှိပါတယ်။ ယခုသတင်းကို Esports ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ Pablo Suarez မှ ပြောကြားသွားခဲ့တာဖြစ်ပြီး SwordArt အနေနဲ့ TSM ရဲ့ Support ကစားသမားဖြစ်သူ Biofrost ရဲ့ နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

SwordArt

TSM အနေနဲ့ 2020 LCS Summer Split ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း Worlds 2020 ပြိုင်ပွဲမှာတော့ ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Bjergsen အနေနဲ့လည်း ကစားသမား ဘဝက အနားယူကာ နည်းပြဘဝကို ကူးပြောင်းသွားခဲ့ပါတယ်။

Bjergsen

ဒါကြောင့် 2021 LOL ရာသီ စတင်ချိန်မှာ TSM အနေနဲ့ အဖြစ်ဆိုးတွေနဲ့ ထပ်မံ ကြုံတွေ့ရခြင်း မရှိစေဖို့ အတွက် ကစားသမား အပြောင်းအလဲတွေ ကြီးကြီးမားမား ပြုလုပ်သွားဖို့ ရည်ရွယ်လျက် ရှိနေပြီး Support ကစားသမားဖြစ်တဲ့ SwordArt ကို Bot Lane မှာ အသင်းရဲ့ နာမည်ကျော် AD Carry ကစားသမား တစ်ဦးဖြစ်တဲ့ Doublelift နဲ့ တွဲဖက် ကစားစေဖို့ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

SwordArt

ဒါ့အပြင် TSM အနေနဲ့ Top Lane အတွက် နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Huni ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ သိရပြီး Bjergsen ရဲ့ Mid Lane Position အတွက်ကိုတော့ ပြီးခဲ့တဲ့ LOL ရာသီမှာ FlyQuest နဲ့အတူ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ PowerOfEvil ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။

ပြုုပြင် ပြောင်းလဲမှုတွေနဲ့ အသစ်တစ်ဖန် ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ TSM LOL အသင်းမှာ ဝါရင့်ကစားသမားတွေ၊ တက်သစ်စ လူငယ်ကစားသမားတွေ အချိုးညီညီ ပါဝင်မှာ ဖြစ်သလို နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ယူသွားမယ့် Bjergsen ရဲ့ အတွေ့အကြုံတွေဟာလည်း အသင်းအတွက် အကျိုးရှိစေမှာ ဖြစ်တာကြောင့် 2021 LOL ရာသီမှာ TSM LOL အသင်းကို Worlds စင်မြင့်ထက်မှာ ချန်ပီယံဆုနဲ့ အတူ မြင်တွေ့သွားရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle