အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ 4AM Dota2 အသင်းကို တရားဝင် ကြေညာလိုက်ပြီ

အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ 4AM Dota2 အသင်းကို တရားဝင် ကြေညာလိုက်ပြီ

တရုတ် Dota 2 လောကရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ 4AM Dota2 အသင်းကို ဖွဲ့စည်းသွားမယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့လက စတင်ပြီး ကြားသိခဲ့ရပါတယ်။ 4AM Dota2 အသင်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ၊ ကစားသမား စာရင်းတွေ မြောက်များစွာ ထွက်ပေါ်ပြီးတဲ့ နောက်မှာတော့ 4AM Dota2 အသင်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

“ဒီနေ့မှာ ကျွန်တော်တို့ 4AM Dota2 အသင်းကို အောင်မြင်စွာ ဖွဲ့စည်းလိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာချင်ပါတယ်။ 4AM Dota2 အသင်းကို Esports Agency Elephant Bgoose နဲ့ 4AM Esports အဖွဲ့အစည်းတို့က ပူးပေါင်း တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး Dota2 အသင်း တစ်သင်း အဖြစ် ရပ်တည်သွားနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”

4AM Dota2 အသင်းရဲ့ ကစားသမား စာရင်းဟာ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမား စာရင်းနဲ့ အများစု တူညီခဲ့ပေမယ့် Carry ကစားသမား နေရာမှာတော့ Vici Gaming ရဲ့ နာမည်ကျော် Carry ကစားသမား Paparazi (Eurus) မဟုတ်ခဲ့ဘဲ တရုတ် ဝါရင့် Carry ကစားသမား Sylar ဖြစ်နေခဲ့ပါတယ်။

Sylar

4AM Dota2 အသင်း အနေနဲ့ မူလပထမက Carry Position အတွက် Eurus ကို မျှော်မှန်းထားပေမယ့် Vici Gaming နဲ့ ညှိုနှိုင်းရာမှာ အဆင်ပြေခြင်း မရှိခဲ့တာကြောင့် အခုလို Sylar ကို ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ Sylar ဟာ ဆိုရင်လည်း Carry ကစားသမားတွေ အထဲမှာ လက်စွမ်း အတည်ငြိမ်ဆုံး ကစားသမား တစ်ဦး ဖြစ်တာကြောင့် 4AM Dota2 အသင်းရဲ့ ကစားသမား စာရင်းဟာ Eurus ပါဝင်ခြင်း မရှိပေမယ့် ကြောက်မက်ဖွယ် ကောင်းနေစဲ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

4AM Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Liu “Sylar” Jiajun – Pos 1

Lu “Somnus/ Maybe” Yao – Pos 2

Zhou “Yang” Haiyang – Pos 3

Xu “fy” Linsen – Pos 4

Ru “RedPanda” Zhihao – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle