နည်းပြသုံးဦးနဲ့ Analyst တစ်ဦးကို ထပ်မံ ခေါ်ယူခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း T1

နည်းပြသုံးဦးနဲ့ Analyst တစ်ဦးကို ထပ်မံ ခေါ်ယူခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း T1

T1 Esports အဖွဲ့အစည်း အနေနဲ့ LoL လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ LoL အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် Dota 2 လောကမှာတော့ အလားတူ အောင်မြင်မှုမျိုးကို စွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

T1.Forev

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Dota 2 လောကရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Forev, InYourDream, Xuan, Black, Jhocam တို့ကို ခေါ်ယူပြီး T1 Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ Major/ Minor လက်ရည်စစ်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် T1 Dota 2 အသင်းရဲ့ ကစားသမားတွေကို ကူညီအားဖြည့်ပေးဖို့ အတွက် LoL လောကရဲ့ နာမည်ကျော် နည်းပြတစ်ဦးဖြစ်သူ CCarter ၊ SEA Dota 2 လောကရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ MP နဲ့ XFreedom တို့ကို နည်းပြများ အဖြစ် ခန့်အပ်ခဲ့သလို Xyun ကိုလည်း Analyst အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Choi “cCarter” Byoung Hoon ဆိုတာကတော့ SK Telecom T1 LoL အသင်းနဲ့အတူ LoL လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ World Championship ပြိုင်ပွဲကြီးမှာ သုံးကြိမ်တိုင်တိုင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ နာမည်ကျော် နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။

cCarter

cCarter အနေနဲ့ Dota 2 နဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိပေမယ့် ကစားသမားတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာဆန်းစစ်ရာမှာ အထူး ကောင်းမွန်သလို၊ အသင်းတစ်သင်းကို အောင်မြင်အောင် ဘယ်လို စွမ်းဆောင်ရမယ် ဆိုတာကို သိရှိထားပြီး ဖြစ်တာကြောင့် အခုလို T1 Dota 2 အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်ခဲ့ရတာ ဖြစ်ပါတယ်။

MP

Dota 2 နဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိသေးတဲ့ နည်းပြချုပ်ကြီး cCarter ကို ကူညီအားဖြည့်ပေးသွားမယ့် တွဲဖက်နည်းပြ နှစ်ဦးကတော့ Dota 2 လောကရဲ့ နာမည်ကျော် ကစားသမားးတွေ ဖြစ်ကြတဲ့ Pyo “Mp” No A နဲ့ Nicholas “xFreedom” Kelvin Ileto Lim တို့ပဲ ဖြစ်ပါတယ်။

MP အနေနဲ့ MVP HOT6ix, MVP Phoenix, Immortals, Fnatic, Team Secret စတဲ့ Dota 2 အသင်းပေါင်း များစွာ ဝင်ရောက်ကစားခဲ့ဖူးသလို xFreedom အနေနဲ့လည်း SEA အခြေစိုက် Dota 2 အသင်းတွေမှာ နည်းပြအဖြစ်၊ ကစားသမားအဖြစ် နှစ်ကာလ ကြာရှည်စွာ ဝင်ရောက် ကစားပေးခဲ့ဖူးတာကြောင့် T1 Dota 2 အတွက် များစွာသော အထောက်အကူကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

xFreedom (Right)

လက်ရှိအချိန်မှာ T1 Dota 2 အသင်း အနေနဲ့ Non-DPC ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ONE Esports Dota 2 World Pro Invitational Jakarta လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် T1 Dota 2 အသင်း အနေနဲ့ အောင်မြင်တဲ့ Dota 2 အသင်းတစ်သင်း အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle